အီဗန်ဖာဂူဆန်ကို ဗြိတိန်စံချိန်တင်ကြေးရမှ ဘရိုက်တန်အသင်း ရောင်းထုတ်မည်

အီဗန်ဖာဂူဆန်ကို ဗြိတိန်စံချိန်တင်ကြေးရမှ ဘရိုက်တန်အသင်း ရောင်းထုတ်မည်
Photo: Brighton FC
Photo: Brighton FC
Published 16 November 2023

ဘရိုက်တန်အသင်းသည် ၎င်းတို့အသင်း၏ လူငယ်တိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရမှသာ ရောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။

အိုင်ယာလန်လူငယ်တိုက်စစ်မှူး အီဗန်ဖာဂူဆန်(၁၉ နှစ်)သည် ဘရိုက်တန်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားပြီး ၎င်းကိုခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

ဘရိုက်တန်အသင်းသည် အီဗန်ဖာဂူဆန်ကို ရောင်းချမည်ဆိုပါက ပြီးခဲ့သည့်နွေရာသီတွင် ချယ်လ်ဆီးအသင်းထံ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၁၅)သန်းဖြင့် ရောင်းချခဲ့သည့် ကိုင်စီဒိုထက် စျေးပိုရမှသာ ရောင်းထုတ်လိမ့်မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent