■ ဝက်ဖို့ဒ်နှင့် စတုတ်စီးတီး (တနင်္ဂနွေည ၆း၃၀ နာရီ)
လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့တာကလွဲရင် ဝက်ဖို့ဒ်ရဲ့ ကစားပုံက အမှားအယွင်း မရှိပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာလည်း လက်စတာကို အနိုင်ကစားခဲ့တယ်။ စတုတ်စီးတီးက ရလဒ်တွေ ဆက်တိုက်ကောင်းနေပေမယ့် နောက်ဆုံးနှစ်ပွဲမှာ ရလဒ်ဆိုးခဲ့တယ်။ ဝက်ဖို့ဒ်ကိုပဲ ကြိုက်တယ်။
■ အာဆင်နယ် နှင့် ဘုန်းမောက် (တနင်္ဂနွေည ၈း၄၅ နာရီ)
ဘုန်းမောက်က ကစားပုံကောင်းပေမယ့် ရလဒ်တွေကျခဲ့တယ်။ နောက်ဆုံးပွဲမှာတော့ စတုတ်စီးတီးကို အနိုင်ကစားသွားတယ်။ ဒါပေမဲ့ နှစ်ပွဲဆက် သရေကျထားတဲ့ အာဆင်နယ်က ဒီပွဲမှာ မဖြစ်မနေ အနိုင်ကစားမယ့်ပွဲပါ။ အာဆင်နယ် တိုက်စစ်ပိုင်းက ဒီပွဲမှာ ဂိုးပြန်မြူးလိမ့်မယ်ထင်တယ်။
■ ဆောက်သမ်တန် နှင့် အဲဗာတန် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
အဲဗာတန်နည်းပြ ရော်နယ်လ်ကိုးမင်းအတွက်တော့ အသင်းဟောင်း ဆောက်သမ်တန်နဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲပါ။ လက်ရှိအချိန်မှာ နှစ်သင်းစလုံး အားရစရာ မရှိဘူး။ ဆောက်သမ်တန်က နည်းနည်းပိုကောင်းတယ်။ ဒါပေမဲ့ ဒီပွဲမှာ အဲဗာတန်က ဆောက်သမ်တန်ကို ဒုက္ခပေးနိုင်မှာပါ။ သရေနဲ့အနိုင်ပဲ။
■ မန်ယူ နှင့် ဝက်စ်ဟမ်း (တနင်္ဂနွေည ၁၁း၀၀ နာရီ)
မော်ရင်ဟိုပြောသလိုပဲ မန်ယူက နိုင်ပွဲတွေအတွက် ကံသိပ်မပါတာကို တွေ့ရတယ်။ အာဆင်နယ်နဲ့ ပွဲမှာလည်း နောက်ဆုံး မိနစ်ပိုင်းတွေကိုရောက်မှ ချေပဂိုး ပေးလိုက်ရတယ်။ အသင်းရဲ့ ရပ်တည်မှုနဲ့ အနေအထားက တော်တော်လေး ဆိုးရွားနေတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေထဲမှာ ပုံမှန်ခြေစွမ်းမပြနိုင်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်နေတာကိုလည်း တွေ့ရတယ်။ ဝက်စ်ဟမ်းက ရာသီအစက တော်တော်လေး ရုန်းကန်ခဲ့ရတယ်။ တန်းဆင်းဇုန်ရဲ့ အထက် တစ်မှတ်အသာဆိုတဲ့ အနေအထားအထိ ရောက်သွားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး နိုင်ပွဲတွေ ယူခဲ့တယ်။ နောက်ဆုံး (၃) ပွဲမှာတော့ ရလဒ်ပိုင်းနည်းနည်း ပြန်ကျလာပြီး နောက်ဆုံး (၃) ပွဲမှာ (၁) မှတ်ပဲ ရခဲ့တယ်။ အသင်းကြီးတွေနဲ့ ရင်ဆိုင်မှုကိုကြည့်ရင် အဲဗာတန်ကို ရှုံးခဲ့သလို၊ စပါးကိုလည်း ရှုံးခဲ့တယ်။ ပါယက်၊ လန်ဇီနီတို့ရဲ့ တိုက်စစ်ပိုင်းက အားရစရာကောင်းပေမယ့် အသင်းမှာ ဂိုးသွင်းနိုင်မယ့်သူ မရှိတာက အဓိက ပြဿနာဖြစ်နေတယ်။ ပါယက်ရဲ့ တည်ကန်ဘောတွေနဲ့ အန်တိုနီယိုရဲ့ ခေါင်းတိုက်ဂိုးတွေကို အားပြုနေရတယ်။ ဒီပွဲတော့ ရလဒ်မကောင်းသေးပေမယ့် ကစားပုံကောင်းလာတဲ့ မန်ယူနိုင်မှာပါ။ (၂-ဝ) လောက်ဖြစ်မယ်။
ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
Most Read
Most Recent
28 min ago