နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ပေးအပ်သည့် အခမ်းအနား ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ပေးအပ်သည့် အခမ်းအနား ကျင်းပ
Published 27 October 2016
စိုးမင်းထိုက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ပေးအပ်သည့် အခမ်းအနားကို အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ အခမ်းအနားတွင် Helen Keller International Europe ဥက္ကဋ္ဌ Dr. Howard က အမှာစကား ပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား Helen Keller International Humanitarian Award 2016 ကို ပေးအပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များတွင် ထူးချွန်စွာ အာရုံစူးစိုက်နှစ်မြှုပ် ဆောင်ရွက်သည်ကို အသိအမှတ်ပြုသည့် အနေဖြင့် Helen Keller International က Helen Keller International Humanitarian Award 2016 ကို ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။              
 

Most Read

Most Recent