ကျောက်တော်မြို့နယ်မှ အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်သော ဘင်္ဂါလီ တစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်

ကျောက်တော်မြို့နယ်မှ အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်သော ဘင်္ဂါလီ တစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်
Published 22 September 2016
သားရွှေဦး(ကစ္ဆပ)

ကျောက်တော်မြို့နယ်မှ အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်သော ဘင်္ဂါလီ တစ်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ ထောင်ဒဏ်ချမှတ်ခံရသူမှာ အပေါက်ဝကျေးရွာအုပ်စု ပြားမူဆလင် ရပ်ကွက်တွင် နေထိုင်သည့် မောင်မောင်တင်(ခ)မာမောက်ဇော်ကီယာ (၃၅) နှစ် (ဘ) ဦး မာရှုဘီ ဆိုသူ ဖြစ်ပြီး ကျောက်တော်မြို့နယ်အပေါက်ဝ(ရင်းဒါး)ကျေးရွာမှ အမျိုးသမီးငယ် တစ်ဦးအား ဇွန်လ ၁၆ ရက်နေ့က အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် မာမက်ဇော်ကီယာ ဆိုသူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂ အရ မြောက်ဦးခရိုင် တရားရုံးက စက်တင်ဘာလ ၂၁ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက်နေ့က ညနေ ၃ နာရီအချိန်က အပေါက်ဝ(ရင်းဒါး)ကျေးရွာနေ မ--------------သည် နေအိမ်နှင့် ကိုက် ၂၀၀ ခန့် ဝေးသော မြစ်ကမ်းဘေးသို့ အိမ်သာတက်ရန် သွားရောက်ခဲ့ပြီး နေအိမ်သို့ ပြန်ရန်ပြုစဉ် ၎င်းဘင်္ဂလီမှ ရောက်ရှိလာပြီး ပါးစပ်အားပိတ်ကာ မြစ်ကမ်းစပ်သို့ အတင်းဆွဲချပြီး အမျိုးသမီးငယ်မှ ရုန်းထွက်စဉ် သူမ၏ လက်တွင် ဝတ်ဆင်ထားသော လက်စွပ်အား လုယူ ထွက်ပြေးသွားသောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်။အဆိုပါ အမှုကို ဇူလိုင်လ (၁၅) ရက်နေ့က မြောက်ဦးခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်းနှင့် သုံးလအကြာတွင် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။