မြောက်ကိုရီးယားကို အင်အားပြသည့်အနေနှင့် တောင်ကိုရီးယားတွင် အမေရိကန်ဗုံးကြဲလေယာဉ်များ ပျံသန်း

မြောက်ကိုရီးယားကို အင်အားပြသည့်အနေနှင့် တောင်ကိုရီးယားတွင် အမေရိကန်ဗုံးကြဲလေယာဉ်များ ပျံသန်း
Published 13 September 2016
Ref: AFP

မကြာသေးမီကမှ ငါးကြိမ်မြောက် အကြီးမားဆုံးနျူကလီးယား စမ်းသပ်မှုပြုလုပ်ထားသည့် မြောက်ကိုရီးယားအပေါ် ဆန့်ကျင်အင်အားပြသည့် အနေနှင့် အမေရိကန်၏ မဟာဗျူဟာကျသော ဗုံးကြဲလေယာဉ်ကြီးနှစ်စင်းသည် တောင်ကိုရီးယားနိုင်ငံပေါ်တွင် စက်တင်ဘာ ၁၃ ရက်က ပျံသန်းပြခဲ့သည်ဟု သိရသည်။အသံထက်မြန်သော B-1B Lancers  ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဆိုးလ်မြို့ တောင်ဘက် ၆၄ ကီလိုမီတာ (မိုင် ၄၀) အကွာမှ ပြောင်တက်ရှိ အမေရိကန် Osan လေတပ်စခန်း၏ အထက်ဝေဟင်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်တွင် ရောက်ရှိလာကြောင်း သိရသည်။ ဂူအမ်ကျွန်းရှိ အမေရိကန်ပစိဖိတ်ဌာနချုပ်၏ အန်ဒါဆန် လေတပ်စခန်းမှ ပျံသန်းလာသော ထိုဗုံးကြဲလေယာဉ်ကြီး တစ်စင်းစီကို အမေရိကန်နှင့် တောင်ကိုရီးယား တိုက်လေယာဉ်များက ခြံရံလိုက်ပါ ပျံသန်းခဲ့ကြသည်ဟု သိရသည်။“ ဒီနေ့ ပျံသန်းပြသမှုဟာ ဟန့်တား ကာကွယ်ပေးမှုကို ပိုမို အင်အားကောင်းလာအောင် ထောက်ပံ့ပေးမယ့် ဒီခိုင်မာတဲ့ မဟာမိတ်ဖွဲ့မှုရဲ့ နက်ရှိုင်းတဲ့ အင်အားထဲက စစ်ရေးစွမ်းရည် နမူနာတစ်ခုပါ” ဟု အမေရိကန် နှင့် တောင်ကိုရီးယား ပူးပေါင်းတပ်ဖွဲ့ချုပ်၏ ဗိုလ်ချုပ်ကြီး ဗင်းဆင့်ဘရွတ်စ်က ပြောကြားခဲ့သည်။ “ မြောက်ကိုရီးယားရဲ့နျူကလီးယား စမ်းသပ်မှုဟာ အန္တရာယ်များလာအောင် အရှိန်မြင့်တက်လာပြီး လက်သင့်မခံနိုင်ငံတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါပြီ” ဟု ၎င်းကဆိုပြီး ဒေသတွင်းရှိ မဟာမိတ်များကို ကာကွယ်ရန် အမေရိကန်၏ ကတိမှာ ယိမ်းယိုင်မည် မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ယခု ဗုံးကြဲလေယာဉ်ပျံသန်းမှုနှင့် လေကြောင်းကာကွယ်ရေးစနစ် (THAAD) တို့အား တပ်ဖြန့်ချထားမှုကဲ့သို့ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စများကို အမေရိကန်က လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ဘရွတ်စ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ကြီးမားလာသော  နျူ ကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် တောင်ကိုရီးယားသည် အဆင့်မြင့်သော အမေရိကန်ဒုံးခွင်းစနစ် THAAD အား နိုင်ငံထဲ၌ ချထားရန်အစီအစဉ်ကို ဇူလိုင်လက ကြေညာခဲ့သည်။တရုတ်က ထိုစနစ်သည် ၎င်းတို့ကာကွယ်ရေးစနစ်များကို ခြေရာခံရန်အတွက်လည်း အသုံးပြုနိုင်သည်ဟုဆိုကာ THAAD ချထားမည့်ကိစ္စအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည်။ THAAD စနစ်အား ချထားမည့် တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဆောင်ဂျူစီရင်စုမှ ဒေသခံများကလည်း ထိုကိစ္စကို ကန့်ကွက်နေကြသည်။ ထို့အပြင် တောင်ကိုရီးယား အတိုက်အခံပါတီများကလည်း THAAD အား တပ်ဖြန့်မှုသည်ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုကို မြင့်တက်ကာ တရုတ်နှင့်ဆက်ဆံရေးကို ထိခိုက်မည်ကို စိုးရိမ်ပြီး ကန့်ကွက်နေကြသည်။ဇန်နဝါရီလက မြောက်ကိုရီးယား၏ လေးကြိမ်မြောက်နျူကလီးယားစမ်းသပ်မှု ပြီးနောက် B-52 Stratofortress အမေရိကန် ဗုံးကြဲလေယာဉ်တစ်စင်းသည် Osan လေတပ်စခန်းပေါ်တွင် ပြသပြန်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံထဲတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ ဝန်းကျင်ရှိပြီး အမေရိကန်အခြေစိုက် စခန်းများစွာလည်း ရှိသည်။ွ 

Most Read

Most Recent