အာဏာရှင် မားကို့စ်၏ သမိုင်းကို ဖုံးဖိဖာထေးရန် ကြိုးပမ်းနေသည်ဟု ဖိလစ်ပိုင်အစိုးရ ပြင်းထန်စွာ ဝေဖန်ခံနေရ

အာဏာရှင် မားကို့စ်၏ သမိုင်းကို ဖုံးဖိဖာထေးရန် ကြိုးပမ်းနေသည်ဟု ဖိလစ်ပိုင်အစိုးရ ပြင်းထန်စွာ ဝေဖန်ခံနေရ
Published 12 September 2016

စက်တင်ဘာ ၁၂ ရက်တွင် ဖိလစ်ပိုင် အစိုးရသည် ကွယ်လွန်သူအာဏာရှင် ဖာဒီနန်မားကို့စ်၏ သမိုင်းကို ဖုံးဖိဖာထေးရန် ကြိုးပမ်းနေသည်ဟု လူအများ၏ အပြင်းအ ထန်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ဖိလစ်ပိုင်အစိုးရ၏ တရားဝင် Facebook စာမျက်နှာတွင် အာဏာရှင် အုပ်စိုးခဲ့သည့် နှစ်များနှင့်ပတ်သက်၍ ကောင်းမွန်သည့် အမြင်ဖြစ်ပေါ်အောင် ကြိုးပမ်းသည့်အနေဖြင့် အကြိမ်ကြိမ် တည်းဖြတ်မှုများ ပြုလုပ်ပြီး စံချိန်တင်ခဲ့သည်ဟု ဝေဖန်သူများက ဆိုသည်။
ယခုသီတင်းပတ် အကုန်တွင် လူအများ ဒေါသထွက်ခဲ့ကြသည့် ပြောင်းလဲမှုများအနက် တစ်ခုမှာ မားကို့စ်သည် ၁၉၇၂ ခုနှစ်တွင် မာရှယ်လော ထုတ်ပြန်ခဲ့ခြင်းမှာ မွတ်စလင် ခွဲထွက်ရေးသမားများ၊ ကွန်မြူနစ်သူပုန်များနှင့် သဘောတူညီချက်ရယူရန် ဖြစ်သည်ဟု အခိုင်အမာ ရေးသားထားချက်ဖြစ်သည်။
အတိုက်အခံများက မားကို့စ်သည် သူ၏ အာဏာတည်မြဲရေး အတွက်သာ မာရှယ်လော ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အတိုက်အခံများက မားကို့စ်သည် အတိုက်အခံများထဲမှ ထင်ရှားသူများကို ထောင်ထဲသို့ ပို့ပစ်ခဲ့ပြီး နိုင်ငံဘဏ္ဍာများကို သိမ်းယူခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
အစိုးရ Facebook စာမျက်နှာက မားကို့စ်သည် သွေးထွက်သံယို ဖြစ်မှုများကို ရှောင်ရှားရန် ၁၉၈၆ ခုနှစ်တွင် ရာထူးကို စွန့်လွှတ်ခဲ့သည်ဟု ရေးသားခဲ့သည်။ သမိုင်းဆရာများက မားကို့စ်သည် လူထုဆန့်ကျင်မှုကြီးနှင့် ရင်ဆိုင်ရချိန်၌ ထွက်ပြေးရန် တွန့်ဆုတ်နေခဲ့ကြောင်း သဘောတူကြသည်။
“ပုံစာက ဖာဒီနန်မားကို့စ်ဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလံျ တန်ဖိုးရှိတာတွေကို ဖိလစ်ပိုင်နိုင်ငံသားတွေဆီက ခိုးယူခဲ့တယ်၊ ဖိလစ်ပိုင်နိုင်ငံသား ၃၄,၀၀၀ ကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်၊ ဖိလစ်ပိုင်နိုင်ငံသား ၃၂၄၀ ဦးကို သတ်ခဲ့တယ်၊ ပြီးတော့ တစ်သက်လုံး အာဏာရှင်အဖြစ် နေနိုင်အောင် ကြိုးပမ်းပြီး အာဏာအရမ်းမက်ခဲ့တယ် ဆိုပြီးတော့ ဖြစ်ရမှာပါ” ဟု ဒေါသထွက်နေသူ တစ်ဦးက Facebook စာမျက်နှာ၌ မှတ်ချက်ရေးသားခဲ့သည်။
မားကို့စ်၏ မဟာမိတ်တစ်ဦးဖြစ်သော အငြင်းပွားဖွယ်ရာကောင်းသည့် သမ္မတ ရိုဒရီကိုဒူတာတေးက မပုပ်သိုးအောင် စီမံထားသည့် မားကို့စ်၏ ရုပ်အလောင်းကို သူရဲကောင်းဗိမာန်တွင် မြှုပ်နှံရန် စီမံမှုနှင့်အတူ  မားကို့စ်ကို တရားဝင်အောင် ကြိုးပမ်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသားများ ဒေါသထွက်ခဲ့ကြသည်။       
Ref : AFP                            

Most Read

Most Recent