ထရန့်အား ထောက်ခံသူထက်ဝက်သည် မနှစ်မြို့စရာ ကောင်းသည်ဟု ပြောခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ကလင်တန် ပြောကြား

ထရန့်အား ထောက်ခံသူထက်ဝက်သည် မနှစ်မြို့စရာ ကောင်းသည်ဟု ပြောခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ကလင်တန် ပြောကြား
Published 11 September 2016
Ref: AFP

ဒီမိုကရက်တစ် သမ္မတကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်က ဒေါ်နယ်ထရန့်ကို ထောက်ခံသူထက်ဝက်ခန့်သည် မနှစ်မြို့စရာ ကောင်းသူများဖြစ်သည်ဟု ခေါ်ဆိုမိခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။ ယင်းပြောစကားသည် ကလင်တန်၏ အကြီးမားဆုံး အမှားဖြစ်သည်ဟု ရီပက်ဘလီကင် ကိုယ်စားလှယ်လောင်း ဘီလျံနာ ဒေါ်နယ်ထရန့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း သိရသည်။စက်တင်ဘာ ၉ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သော ရန်ပုံငွေ မြှင့်တင်ရေးပွဲတစ်ခုအတွင်း ကလင်တန်က ထရန့်ထောက်ခံသူများကို ဝေဖန်ပြောကြားခဲ့သည့်အတွက် ပြင်းပြင်းထန်ထန် ပြန်လည်ဝေဖန်ခံနေရသည်။ နောက်တစ်ရက်တွင် ထိုကဲ့သို့ ပြောကြားမိခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ကလင်တန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် မနှစ်မြို့စရာကောင်းသည် ဆိုသော စကားလုံးသည် ထရန့်၏ မဲဆွယ်စည်းရုံးမှုအများစုကို သရုပ်ဖော်ရန် သင့်လျော်သည့် စကားလုံးဖြစ်သည်ဟု ပြန်လည် ချေပပြောခဲ့သေးသည်။ရီပက်ဘလီကင်များက ကလင်တန်သည် အမေရိကန်မဲဆန္ဒရှင်များကို အကျည်းတန်စွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ “အမေရိကန် သန်းပေါင်းများစွာကို မုန်တီးပြီး တစ်ယူသန်တဲ့ သူ့ရဲ့စိတ်ရင်းက ပထမဆုံးအနေနဲ့ ထွက်ပေါ်လာပါပြီ”  ဟု အသက် ၇၀ အရွယ် ထရန့်က ဝေဖန်ခဲ့သည်။နယူးယောက် စားသောက်ဆိုင်တစ်ခုတွင် ပြုလုပ်ခဲ့သော လူပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့သော လိင်တူချစ်သူများ၏ ရန်ပုံငွေ မြှင့်တင်ရေးပွဲသို့ တက်ရောက်စဉ် ကလင်တန်သည် ထရန့်ထောက်ခံသူများကို လူမျိုးရေးခွဲခြားသူ၊ လိင်ခွဲခြားသူ၊ လိင်တူချစ်သူများအား ကြောက်ရွံ့သူ၊ နိုင်ငံခြားသားများအား ကြောက်ရွံ့သူ၊ အစ္စလာမ်နှင့် သက်ဆိုင်သူများကို ကြောက်ရွံ့သူများဟုလည်း ခေါ်ဆိုခဲ့သည်။ကလင်တန်က ဒေါ်နယ်ထရန့်အား ထောက်ခံသူ ထက်ဝက်ခန့်မှာ မနှစ်မြို့စရာကောင်းသူများဟု ပြောခဲ့ချိန်တွင် ကျန်ထောက်ခံသူများမှာ မချင့်မရဲဖြစ်နေပြီး ကိုယ်ချင်းစာမှု လိုအပ်နေသူများဟု ဆိုခဲ့သည်။ ယင်းမတိုင်မီကလည်း ကလင်တန်သည် အလားတူမှတ်ချက်များကို ပြောကြားခဲ့ဖူးသည်။            ကလင်တန်၏ ထိုပြောကြားမှုအပေါ် Twitter ပေါ်၌ ဒေါသထွက်စွာ ရေးသားမှုများစွာ ထွက်ပေါ်လာခဲ့သည်။ သမ္မတရွေးကောက်ပွဲကျင်းပရန် နှစ်လသာလိုတော့ပြီး နှစ်ဘက်စလုံး၏ လူထုထောက်ခံမှုမှာ အကြိတ်အနယ် ဖြစ်နေစဉ် ကလင်တန်က သူ၏ပြောကြားမှုအတွက် စိတ်မကောင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ သီတင်းပတ် အနည်းငယ်အလိုတွင် ရီပက်ဘလီကင် သမ္မတကိုယ်စားလှယ်လောင်း မစ်ရွန်aနက ၄၇ ရာခိုင်နှုန်းသော လူထုသည် အစိုးရ၏ အကျိုးစီးပွားကို မှီခိုနေရပြီး ဘာရက်အို ဘားမားသမ္မတဖြစ်လာခြင်းက သူတို့အတွက် စိုးရိမ်စရာမရှိသောကြောင့် အိုဘားမားကို ဘာပဲဖြစ်ဖြစ် မဲပေးကြလိမ့်မည်ဟု  ပြောကြားခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။                             

Most Read

Most Recent