တရုတ်အတွက် ဆွေးနွေးရန် ခက်ခဲနေဆဲဖြစ်သော မော်စီတုန်း၏ အရိပ်လွှမ်းမိုးမှု

တရုတ်အတွက် ဆွေးနွေးရန် ခက်ခဲနေဆဲဖြစ်သော မော်စီတုန်း၏ အရိပ်လွှမ်းမိုးမှု
Published 11 September 2016

သေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တရုတ်တွင် မော်စီတုန်း၏တည်ရှိမှု အကြောင်းကို ရှောင်လွဲှရန် မဖြစ်နိုင် သေးဘဲ ယခုအချိန်အထိ ဆွေးနွေး ရန် ခက်ခဲနေဆဲဖြစ်သည်။ မြို့တော် ပေကျင်း၌ ထားရှိထားဆဲဖြစ်သော ၎င်း၏ရုပ်အလောင်းကို တီယန်မင် ရင်ပြင်ရှိ Forbidden City တွင် ချိတ်ဆွဲထားသော ၎င်း၏ပုံတူပန်းချီကားကြီးက စောင့်ကြပ်နေသည်။
၎င်းချန်ရစ်ထားခဲ့သော အမွေသည် ယခုအချိန်အထိ တရုတ်နိုင်ငံအတွက်၊ ကွန်မြူနစ်ပါတီအတွက် လက်ရှိပါတီ အတွင်းရေးမှူး ရှီကျင်ပင်းအတွက် ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပြီး မော်ကို အာဏာရ ကွန်မြူနစ်ပါတီ၏ လီနင်နှင့်စတာ လင်တို့ ပေါင်းစပ်ထားသူဟု ခိုင်းနှိုင်းကြကြောင်း ဟောင်ကောင် တက္ကသိုလ်မှ မော်ကျွမ်းကျင်သူ ဖရန့်ဒီကွတ်တာက ပြောကြားခဲ့သည်။
“မော်က ကွန်မြူနစ်ပါတီကို အာဏာရအောင် လုပ်ပေးနိုင်ခဲ့တဲ့ လီနင်နဲ့တူ သလိုလူသား တစ်ယောက်ရဲ့ အခြေခံအကျဆုံး အခွင့်အရေးတွေကို ကြောက်လန့်ဖွယ် ချိုးဖောက်တဲ့ စတာလင်နဲ့လည်း တူတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ချမ်းသာသော လယ်သမား တစ်ဦး၏ သားဖြစ်သူ မော်သည် တရုတ်နိုင်ငံကို ကွန်မြူနစ်သုခဘုံ အဖြစ် ပြောင်းလဲရန် စိတ်ကူးခဲ့ပြီး ၎င်းင်း၏ စိတ်ကူးအကောင်အထည် ဖော်မှုအတွက် မည်သည့်အရာကိုမျှ ဟန့်တားခွင့်မပေးခဲ့ပေ။ မော်သည် ၁၉၂၁ ခုနှစ်တွင် တရုတ်ကွန်မြူ နစ် ပါတီ ထူထောင်သူများအနက် တစ် ဦးအပါ အဝင်ဖြစ်ပြီး တစ်နိုင်ငံသား အချင်းချင်းနှင့် ဂျပန်တပ်များကို ၂၈ နှစ်ကြာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်၌ မော်က တီယန်မင် ရင်ပြင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ထူထောင်ကြောင်း ကြေညာ ခဲ့သည်။ သို့သော် ၎င်းင်း၏ စိတ်ကူး အိပ်မက်သည် အလျင်အမြန်ပင် အိပ်မက်ဆိုး ဖြစ်သွားခဲ့သည်။
မော်သည် ပါတီတွင်း တန်ပြန် တော်လှန်ရေး သြဇာလွှမ်းမိုးမှုများ ကို နှိမ်နင်းရန်အတွက် သန့်စင်မှုများ စွာကို လုပ်ဆောင်ခဲ့ပြီး  လူသောင်း နှင့်ချီ သေဆုံးခဲ့ရသည်ဟု ယုံကြည် ရသည်။ မော်၏ မတော်မတည့် စိတ် ကူးဖြစ်သည့် Great Leap Forward အစီအစဉ် ဆောင်ရွက်စဉ်အတွင်း ၁၉၅၀ ပြည့်လွန်နှစ်များတွင် လူ သန်းနှင့်ချီ ငတ်မွတ်သေဆုံးခဲ့ရသည်။
မော်သည် ၎င်းင်းမသေဆုံးမီ ဆယ်စုနှစ်အတွင်း ယဉ်ကျေးမှုတော်လှန်ရေးကို လုပ်ဆောင်ခဲ့ပြီး ယင်းသည် နိုင်ငံလုံးဆိုင်ရာ ဝိညာဉ်ကို နက်နက်ရှိုင်းရှိုင်း အမာရွတ်ထင်စေခဲ့သော ရုပ်ပိုင်းနှင့်စိတ်ပိုင်း နှစ်ခုစလုံး အကြမ်းဖက်သည့်ဖြစ်ရပ် ဖြစ်ခဲ့သည်။ သမိုင်းကို ပြန်ကြည့်လျှင် အာဏာရပါတီသည် မော်ကိုကြီးမြတ်သော မာ့ခ်စ်ဝါဒီ၊ ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေး ဖော်ဆောင်သူ၊ မဟာဗျူဟာချမှတ်သူ၊ သီအိုရီကျေညက်သူ တစ်ဦးအဖြစ် စာလုံးပေါင်း ၂၃၀၀၀ ပါသော အမွှမ်းတင်သည့် ခွဲခြမ်းသုံးသပ်မှု စာစောင်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ ယင်းဆုံးဖြတ်ချက်သည် ရာခိုင်နှုန်း ၇၀ မှန်ကန်ပြီး ရာခိုင်နှုန်း ၃၀ သာ မှားယွင်းသည်ဟု အမြဲတမ်း အကျဉ်းချုပ် ဖော်ပြလေ့ရှိသည်။    
သမ္မတရှီကျင်ပင်း လက်ထက်တွင် မော်အကြောင်း ပြောဆိုသူတိုင်းသည် အထက်ပါအတိုင်း လက်ခံပြောဆိုကြရန် အတွက် အစိုးရက အစီအမံများ လုပ်ဆောင်ခဲ့သည်။ မော်ပြီးလျှင် သြဇာအကြီးဆုံး ခေါင်းဆောင်ဖြစ်သည့် ရှီသည် မော်ခေတ်ကို ချီးကျူးမှုနှင့် ဝေဖန်မှုနှစ်ခုစလုံး အား မြှုပ်နှံပစ်ရန် သွယ်ဝိုက်သော သတိပေးမှုအဖြစ် historical nihilism နှင့် neo-liberalism နှစ်မျိုးစလုံးကို ဆန့်ကျင်ကြောင်း သတိပေး ပြောကြားခဲ့သည်။ မော်၏ ရှုံးနိမ့်မှုများကို ဝေဖန်မှုများသည် အစိုးရ၏ တရားဝင်ဖြစ်မှုကို အားလျော့စေ နိုင်ပြီး ပြီးခဲ့သောနှစ်တွင် တရုတ် ရုပ်သံတင်ဆက်သူတစ်ဦးသည် သီး သန့်စုဝေးမှုတစ်ခုတွင် မော်ကိုေ၀ ဖန်နေမှုအား ရိုက်ကူးထားသည့် ဗီဒီယို ထွက်ပေါ်ခဲ့ပြီးနောက် အလုပ်မှ ဆိုင်းငံ့ခံခဲ့ရသည်။
သို့သော် မော်၏အိုင်ဒီယာများကို ချီးမွမ်းမှုများသည် ဝမ်းနည်းစရာကောင်းသော အရာတစ်ခုအဖြစ် ရှုမြင်ခံရနိုင်သည်။ ပြီးခဲ့သောဇန်နဝါရီတွင် ကြီးမားသည့် ရွှေရောင် မော်စီတုန်းရုပ်တုကို တည်ဆောက်နေသည့် ဓာတ်ပုံများ အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း တာဝန်ရှိသူများက ယင်းရုပ်တုကို  ဖယ်ရှားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
“အရပ်သားတွေ၊ အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူ တွေအနေနဲ့ ေ၀ဝါးပြီးတော့ အပြောင်းအလဲတွေ များလွန်းတဲ့ နိုင်ငံရေးအရ ဘယ်လောက် ခွင့်ပြုပေးထားလဲ ဆိုတာကို မူတည်ပြီး လှုပ်ရှားရပါတယ်” ဟု နယူးယောက်ရှိ Cornell တက္ကသိုလ်မှ တရုတ်နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဂျက်ဆီကာချန်းဝစ်က ဆိုသည်။
မော်၏အမွေနှင့် ပတ်သက်၍ လူအများအပြားက အလွန်အမင်း ဘက်လိုက်နေဆဲဟု အောက်စဖို့ဒ်မှ ထုတ်ဝေသည့် ခေတ်သစ ်တရုတ်သမိုင်း ရုပ်ပြစာအုပ် အယ်ဒီတာ Jeff Wasserstrom က ဆိုသည်။ အလုပ်လက်မဲ့ သံမဏိ အလုပ်သမားတစ်ဦးက မော်ကို သူရဲကောင်းအဖြစ် ထင်မြင်မည် ဖြစ်သော်လည်း ယဉ်ကျေးမှု တော်လှန်ရေးတွင် ထိခိုက်ခံစား ခဲ့ရသူများကမူ မော်သည်နိုင်ငံကို ဝရုန်းသုန်းကား အခြေအနေသို့ ကျရောက်စေခဲ့သော ဆိုးရွားသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သော ချည့်နဲ့သည့် ခေါင်းဆောင်ဖြစ်သည်ဟု ရှုမြင်ကြမည်ဖြစ်ကြောင်း Wasserstrom က ပြောကြားခဲ့သည်။             
Ref : AFP

Most Read

Most Recent