ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခံရ

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခံရ
Published 9 September 2016
Ref: AFP

ကမ္ဘောဒီးယားအတိုက်အခံ နိုင်ငံရေးသမားတစ်ဦးသည် စက်တင်ဘာ ၉ ရက်တွင် ထောင်ဒဏ်ငါးလ ချမှတ်ခံခဲ့ရပြီး ၂၀၁၈ ရွေးကောက်ပွဲမတိုင်မီ ပြိုင်ဘက်များကို ဖိနှိပ်ရန် ဝန်ကြီးချုပ် ဟွန်ဆန်၏ ကြိုးပမ်းမှုဟု လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခဲ့ကြသည်။အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါသည် စွပ်စွဲခံထားရသော လိင်အရှုပ်တော်ပုံအမှု တစ်ခုအတွက် တရားရုံးသို့ လာရောက်ရန် ငြင်းဆန်ခဲ့သောကြောင့် ထောင်ဒဏ်ငါးလ ချမှတ်ကြောင်း တရားသူကြီး ကီယိုမိုနီက ပြောကြားခဲ့သည်။ အသက် ၆၃ နှစ်အရွယ် ခမ်ဆိုခါသည် အဖမ်းခံရမှုအား ရှောင်ရှားရန်အတွက် ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ (CNRP) ၏ ဌာနချုပ်ရုံးတွင် လပေါင်းများစွာ နေထိုင်ခဲ့သည်။ ခမ်ဆိုခါသည် စက်တင်ဘာ ၉ ရက်က ပါတီရုံးချုပ်အပြင်ဘက်၌ စုဝေးနေသော ထောက်ခံသူများအား မိန့်ခွန်းပြောကြားခဲ့သည်။တစ်ရက်ကြာ စစ်ဆေးခဲ့ပြီး ချမှတ်ခဲ့သော ပြစ်ဒဏ်ကို ခမ်ဆိုခါက ရှုတ်ချခဲ့ပြီး အစိုးရသည် ၎င်း၏ နိုင်ငံရေးဘဝအား နိဂုံးချုပ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။ကမ္ဘောဒီးယားတွင် လတ်တလော၌ အတိုက်အခံ ပါလီမန်အမတ်နှစ်ဦးသည် အကျဉ်းကျနေပြီး ၁၀ ဦးထက် မနည်းသည် တရားစွဲဆိုမှုများနှင့် ရင်ဆိုနေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ၂၀ ကျော်သည် တရားရင်ဆိုင်နေရကြောင်း သိရသည်။                

Most Read

Most Recent