မြန်မာ၏ အိမ်နီးချင်းနိုင်ငံများ အပါအဝင် အာရှနှင့် အာဖရိကရှိ ဇီကာ အန္တရာယ်ရှိသော ဒေသများ၌ လူဦးရေ ၂ ဒသမ ၆ ဘီလျံ ရှိကြောင်း သတိပေး

မြန်မာ၏ အိမ်နီးချင်းနိုင်ငံများ အပါအဝင် အာရှနှင့် အာဖရိကရှိ ဇီကာ အန္တရာယ်ရှိသော ဒေသများ၌ လူဦးရေ ၂ ဒသမ ၆ ဘီလျံ ရှိကြောင်း သတိပေး
Published 2 September 2016

မြန်မာ၏ အိမ်နီးချင်းနိုင်ငံများ အပါအဝင် အာရှနှင့် အာဖရိကရှိ ဇီကာ အန္တရာယ်ရှိသော ဒေသများ၌ လူဦးရေ ၂ ဒသမ ၆ ဘီလျံ ရှိကြောင်း သုတေသန ပညာရှင်များက စက်တင်ဘာ ၁ ရက်တွင် သတိပေးလိုက်သည်။ ဇီကာရောဂါပိုး အနေဖြင့် ခြေကုပ်စခန်းအဖြစ် နယ်မြေသစ် ရယူနိုင်သော အာဖရိက၊ အာရှနှင့် ပစိဖိတ်ဒေသ အစိတ်အပိုင်းများတွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သော လူပေါင်း ၂ ဒသမ ၆ ဘီလျံထက် မနည်း နေထိုင်ပြီး အိန္ဒိယ တစ်နိုင်ငံတည်း၌ပင် ဇီကာရောဂါ ကူးစက်နိုင်သည့် အန္တရာယ် ရှိနေသူပေါင်း ၁ ဒသမ ၂ ဘီလျံ ရှိသည်ဟု ဆိုသည်။
အဆိုပါ လူဦးရေ ပမာဏသည် ယခုလက်ရှိ၌ ရောဂါပိုး သက်ရောက်မှု မရှိသေးသော ဒေသများ၌ နေထိုင်သော်လည်း ဗိုင်းရပ်စ်များ အခြေချနိုင်ရန် ကိုက်ညီသည့် ရာသီဥတုနှင့် ခြင်ပေါကြွယ်ဝမှု ရှိနေပြီး အမေရိကတိုက်များနှင့် ကရေဘီယန်ဒေသများ၌ အခြေကျနေသည့် ဇီကာဗိုင်းရပ်စ်ပိုးများ ပွားများပျံ့နှံ့ရန် အလားအလာများ ရှိနေသည်ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့ အစဉ်အလာအကျဆုံး ဇာတ်ညွှန်းအတိုင်းဆိုရင် အိန္ဒိယ (လူပေါင်း ၁ ဒသမ ၂ သန်း)၊ တရုတ် (၂၄၂ သန်း)၊  အင်ဒိုနီးရှား (၁၉၇ သန်း)၊ နိုင်ဂျီးရီးယား (၁၇၉ သန်း)၊ ပါကစ္စတန် (၁၆၈ သန်း)နဲ့ ဘင်္ဂလားဒေ့ရှ် (၁၆၃ သန်း) တို့ဟာ ဇီကာ ဗိုင်းရပ်စ်ပိုး အန္တရာယ် အမြင့်မားဆုံး ဖြစ်နိုင်တဲ့ ဒေသအတွင်းမှာ ရှိနေပါတယ်” ဟု လေ့လာချက် တစ်ရပ်က ပြောကြားခဲ့သည်။
သို့သော် ယင်းသည် သဘောတရားအရ ဖြစ်နိုင်ခြေသာဖြစ်သည်။
ဇီကာရောဂါ ပြောက်ကျားပြောက်ကျား ဖြစ်ပေါ်မှုများကို အာဖရိကနှင့် အာရှတို့တွင် တွေ့ရှိခဲ့ပြီး ဖြစ်သော်လည်း ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ ကိုယ်ခံအား ရရှိရန် လူဦးရေအတွင်း ပျံ့နှံ့မှု လုံလောက်ခြင်း ရှိ၊ မရှိ ဆိုသည်ကို မည်သူမျှ သိရှိခြင်း မရှိသေးပေ။
နောက်ထပ် ပဟေဠိ တစ်ရပ်မှာ အာဖရိကရှိ ဇီကာမျိုးကွဲနှင့် ပတ်သက်သော ကိုယ်ခံအား အမျိုးအစားသည် လက်ရှိ အာရှတွင် ပျံ့နှံ့နေသော ဇီကာမျိုးကွဲအတွက် ရောဂါ ကာကွယ်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ဟူသည့် ကိစ္စ ဖြစ်သည်။
“ဇီကာ ကိုယ်ခံအားဟာ ကျယ်ပြန့်မှု ရှိတယ်ဆိုရင် စတင်ဝင်ရောက်လာတဲ့ ဇီကာဟာ အလျင်အမြန် အဖျားရှူးသွားမှာပဲ” ဟု လန်ကက်စတာ တက္ကသိုလ်မှ ဒီရက်ဂါသာရာက Lancet Infectious Diseases ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာချက်၌ ပြောကြားထားသည်။
“တခြားဘက်ကနေကြည့်ရင် ဇီကာဟာ ကာကွယ်မှု မရှိတဲ့ လူဦးရေ တစ်ရပ်အတွင်း ဝင်ရောက်သွားမယ်ဆိုရင် ဘရာဇီးနဲ့ တခြား လက်တင်အမေရိက ဒေသတွေမှာ တွေ့ခဲ့ရပြီဖြစ်တဲ့ ပုံစံမျိုးကို ကျွန်တော်တို့ ထပ်မံ မြင်တွေ့ရနိုင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent