မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာ (၂၀၁၆-၂၀၂၅) တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် မဟာဗျူဟာငါးရပ် ထည့်သွင်း လုပ်ဆောင်မည်

မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာ (၂၀၁၆-၂၀၂၅) တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် မဟာဗျူဟာငါးရပ် ထည့်သွင်း လုပ်ဆောင်မည်
Published 28 August 2016

မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာ (၂၀၁၆-၂၀၂၅) တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် မဟာဗျူဟာငါးရပ် ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်တွင် ပြုလုပ်သည့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာအသစ် ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှ သိရသည်။အဆိုပါ မဟာဗျူဟာ ၂၀၁၆-၂၀၂၅ တွင် ထည့်သွင်းရေးဆွဲမည့် မဟာဗျူဟာ ငါးရပ်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းအခြေခံ အဆောက်အအုံမြှင့်တင်ရေး၊ တာဝန်သိ ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်မြင့်တင်ရေး အစီအစဉ်များ အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်း ဆက်သွယ်သွားလာမှု လွယ်ကူအဆင်ပြေစေရေး စသည့်အချက်များကို ထည့်သွင်းလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က “ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် မဟာဗျူဟာ ဦးစားပေး အစီအစဉ်နှင့် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ် ၂၀၁၆ တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိ အဖွဲ့ဝင်နိုင်ငံများတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်သူအားလုံး ပါဝင် ဆွေးနွေးနိုင်ရန် နိုင်ငံအလိုက် ညှိနှိုင်းဆွေးနွေးပွဲများ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း” ပြောကြားသည်။ထို့ပြင် မဟာမဲခေါင်ဒေသခွဲ၏ လာမည့် ၁၀ နှစ်တာ ကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ရာတွင် လမ်းပြမြေပုံအဖြစ် ရပ်တည်မည့် မဟာမဲခေါင်ဒေသခွဲ မဟာဗျူဟာ၂၀၁၆-၂၀၂၅ ရေးဆွဲရာတွင် ဌာနဆိုင်ရာ ကိုယ်စားလှယ်များမှ ဝေဖန် အကြံပြုပေးစေလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။  

Most Read

Most Recent