ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ် ဝန်းကျင်သို့ ပြန်လည်ကျဆင်း

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ် ဝန်းကျင်သို့ ပြန်လည်ကျဆင်း
Published 24 August 2016
အောင်မြတ်ကို

ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။သြဂုတ် ၂၄ ရက် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် နံနက်ပိုင်း အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်း တစ်ဒေါ်လာလျှင် ၁၂၂၃ ကျပ်ဝန်းကျင်မှ ကျပ် ၁၂၂၀ ဝန်းကျင်သို့ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၂၁၇ ကျပ်ဝန်းကျင်မှ ၁၂၀၇ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သြဂုတ်ဒုတိယပတ် ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၁ ကျပ်ဝန်းကျင်မှ စတင်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၃ ရက်ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၂၁၈ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။သြဂုတ်နောက်ဆုံးပတ်အတွင်း ဆက်တိုက်မြင့်တက်လာသော ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၇ ကျပ်ဝန်းကျင်အထိ ရှိလာကာ သြဂုတ် ၂၃ ရက်တွင် တစ်ရက်အတွင်း ၁၁ ကျပ်ဝန်းကျင်အထိ ထပ်မံမြင့်တက်ခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၁၂၁၈ ကျပ်ဝန်းကျင်အထိ ရှိခဲ့သည်။သြဂုတ်တတိယပတ်အတွင်း ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သြဂုတ် ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၃ ကျပ်ဝန်းကျင်မှ သြဂုတ် ၁၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်ဝန်းကျင်သို့ လည်းကောင်း၊ သြဂုတ် ၁၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်မှ သြဂုတ် ၁၈ ရက်တွင် ၁၁၉၇ ကျပ်၊ သြဂုတ် ၁၉ ရက်တွင် ၁၁၉၈ ကျပ်ဝန်းကျင်သို့ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာသတ်မှတ်နှုန်း သြဂုတ် ၁ ရက်မှ ၁၂ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၈၇ ကျပ် သတ်မှတ်ထားပြီး သြဂုတ် ၁၅ ရက် ၊ ၁၆ ရက်နှင့် ၁၇ ရက်များတွင် တစ်ဒေါ်လာလျှင် ၁၁၈၈ ကျပ်မှ သြဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၉၀ သို့လည်းကောင်း သြဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၂ ကျပ်မှ သြ ဂုတ်၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်၊ သြဂုတ်၂၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၃ ကျပ်သို့ ဆက်တိုက်တိုးမြှင့်သတ်မှတ်ထားသည်။သြဂုတ်၂၄ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၀၃ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၀၇ ဝန်းကျင်၊ ဝယ်ဈေး ၁၂၀၃ ကျပ် ဝန်းကျင်ရှိနေကြောင်း သိရသည်။

Most Read

Most Recent