အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍများအဖြစ် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ မြို့ပြပို့ဆောင်ရေး စနစ်တို့ကို သတ်မှတ်ရွေးချယ်ထားကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။ဒုတိယကာလတို ငါးနှစ်စီမံကိန်းအတွင်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်မြှင့်တင် ဆောင်ရွက်ရန်၊ နှစ်အလိုက် စီးပွားရေး တိုးတက်မှုနှုန်းများကို ရည်မှန်းချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်ရာတွင် ရင်းနှီမြှုပ်နှံမှုများကို တိုးတက်အောင် ဆောင်ရွက်သွားရန်နှင့် ထုတ်လုပ်မှု နည်းပညာများ တိုးတက်လာစေရန် တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် ဘတ်ဂျက်မှ ကျခံ သုံးစွဲနိုင်သည့် ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ်မှာ အကန့်အသတ် ရှိသဖြင့် ပြည်သူတို့၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကာ နိုင်ငံတော်နှင့် ပူးပေါင်း၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စနစ် (PPP) ဖြင့် ဆောင်ရွက်ခြင်းသည်လည်း ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းတစ်ရပ် ဖြစ်ကြောင်း သိရသည်။အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်ဖြင့် ဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍအလိုက် လုပ်ငန်းများမှာ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၊ မြို့ပြပို့ဆောင်ရေး စနစ်များ၊ ပင်လယ်ရေကြောင်း သွားလာရေးအတွက် ရေနက်ဆိပ်ကမ်းများ၊ အာရှအဝေးပြေး လမ်းများပေါ်ရှိ ကုန်းတွင်းဆိပ်များနှင့် ရထားလမ်းများ၊ ရထားပို့ဆောင်ရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု၊ ပြင်ဆင် တည်ဆောက်မှုများ၊ အဆင့်မြှင့်တင်မှုများ ရွေးချယ်ဆောင်ရွက်ခြင်း၊ Inland Water Transport ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ဆိပ်ကမ်းပိုင်ဆိုင်မှု တိုးတက်စေခြင်း အစရှိသည့် ကဏ္ဍများကို ရွေးချယ်သတ်မှတ်ထားကြောင်း သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် ပုဂ္ဂလိကမှ ဦးဆောင်သည့် စက်မှုဖွံ့ဖြိုး တိုးတက်မှု ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဖော်ပြထားသည်။ပုဂ္ဂလိက စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ခိုင်မာအားကောင်းရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍများအဖြစ် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ မြို့ပြပို့ဆောင်ရေး စနစ်များကို သတ်မှတ်ထား