ပြီးခဲ့သည့် စနေနေ့က မန်ယူအသင်းနှင့် လမ်းခွဲတော့မည်ဟု အတည်ပြု ကြေညာခဲ့သည့် ရိုင်ယန်ဂစ်က နည်းပြလောကသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။.
မန်ယူအသင်းသို့ အသက်(၁၄)နှစ်အရွယ်တွင် စတင်ရောက်ရှိလာသည့် ရိုင်ယန်ဂစ်သည် အသင်း၌ နှစ်ပေါင်း (၃၀)နီးပါး ကစားသမား၊ လက်ထောက်နည်းပြများအဖြစ် ကျင်လည်ခဲ့ပြီး အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့သလို၊ စံချိန်များစွာကိုလည်း ပိုင်ဆိုင်ခဲ့သော ဂန္ထဝင် ကစားသမားတစ်ဦး ဖြစ်သည်။
မန်ယူအသင်းသို့ နည်းပြ မော်ရင်ဟို ရောက်ရှိလာခဲ့ပြီးနောက် ရိုင်ယန်ဂစ်၏ အနာဂတ်မှာ မရေမရာ ဖြစ်လာခဲ့ပြီး ယခုအခါ လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ ရိုင်ယန်ဂစ်က “မန်ယူအသင်းမှာ (၂၉)ရာသီကြာ ကစားသမား၊ လက်ထောက်နည်းပြအဖြစ် ကျင်လည်ခဲ့ပြီးနောက်မှာ အသင်းရဲ့ DNA ဟာ နိုင်ပွဲ ရရှိရေးဆိုတာကို ကျွန်တော် သိခဲ့ပါတယ်။ လူငယ်တွေကို အခွင့်အရေး ပေးရမယ်။ တိုက်စစ်ဆင် ကစားရမယ်။ စိတ်လှုပ်ရှားဖွယ် ကစားပုံကို ပြသနိုင်ရပါမယ်'' စသည်ဖြင့် အမှတ်တရ စကားများစွာ ပြောကြားခဲ့သည်။
ထို့ပြင် ရိုင်ယန်ဂစ်က မန်ယူအသင်းနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရသည့် မော်ရင်ဟိုအတွက် ဂုဏ်ယူမိကြောင်းပြောကြားခဲ့သည်။
ရိုင်ယန်ဂစ်နှင့် ကိန်းဂဏန်းများ
၁၇ - ၁၉၉၁ ခုနှစ်၊ မတ်လ(၂) ရက်တွင် ကစားခဲ့သည့် အဲဗာတန်အသင်းနှင့်ပွဲ၌ မန်ယူအတွက် ပထမ ဆုံးပွဲထွက်ခဲ့ပြီး ထိုစဉ်က ဂစ်၏ အသက်မှာ (၁၇)နှစ်သာ ရှိသေး
၄၀ - ကြံ့ခိုင်မှုနှင့် ဒဏ်ရာပြသနာများကြောင့် အသက်(၄၀)အရွယ် ၂၀၁၄ ခုနှစ်၊ မေလတွင် ကစားသမားဘဝမှ အနားယူခဲ့
၉၆၃ - မန်ယူအသင်းအတွက် ဂစ်၏ စံချိန်တင် ပြိုင်ပွဲစုံ ပွဲအရေအတွက်
၁၆၈ - မန်ယူအသင်းအတွက် ဂစ်သွင်းယူခဲ့သော ပြိုင်ပွဲစုံ သွင်းဂိုး
၁၃ - ၁၉၉၃-၉၄ ဘောလုံးရာသီတွင် ဂစ်သည် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၃)ဂိုး၊ ပြိုင်ပွဲစုံ (၁၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး ၎င်း၏ တစ်ရာသီအတွင်း အများဆုံး အရေအတွက်ဖြစ်
၁ - အနားမယူမီကစားခဲ့သည့် ၂၀၁၃-၁၄ ရာသီတွင် ဂစ်သည် ပရီးမီးယားလိဂ် သွင်းဂိုး (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၎င်း၏ မန်ယူကစားသမား ဘဝတစ်လျှောက် အနည်းဆုံးဖြစ်ခဲ့
၀ - ဂစ်သည် မန်ယူကစားသမားဘဝတွင် အနီကတ် ပြသခံရခြင်း မရှိခဲ့
၄ - မန်ယူအသင်း ယာယီနည်းပြအဖြစ် (၄)ပွဲ တာဝန်ယူခဲ့ပြီး (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့
၃၄- ဂစ်ရရှိခဲ့သည့် ဆုဖလား အရေအတွက်ဖြစ်ပြီး အင်္ဂလန်ဘောလုံး သမိုင်းတစ်လျှောက် အများဆုံးဖြစ်
၁ - မန်ယူကစားသမားဘဝမှ အနားယူခဲ့ပြီး နောက် ဂစ်ရရှိခဲ့သော ဆုဖလား အရေအတွက် (ယမန်နှစ်က အက်ဖ်အေဖလား ရရှိခဲ့ခြင်းဖြစ်)
၀ - ဝေးလ်စ်အသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲ ကစားခွင့် မရရှိခဲ့(၂၀၁၂ လန်ဒန် အိုလံပစ်တွင်မူ ဂရိတ်ဗြိတိန် အသင်းနှင့်အတူ ကစားခွင့် ရဖူး
နည်းပြလောကသို့ ဝင်ရောက်သွားမည်ဟု မန်ယူအသင်းနှင့် လမ်းခွဲခဲ့သည့် ရိုင်ယန်ဂစ် ဖွင့်ဟ
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago