မန်ယူအသင်းသည် ဒေါ့မွန်အသင်းမှ အာမေးနီးယားကွင်းလယ်ကစားသမား အမ်ခီတာယန်ကို တရားဝင်ခေါ်ယူနိုင်ခြင်းမရှိသေးသော်လည်း သူ၏အမည် ရိုက်နှိပ်ထားသည့် အဝေးကွင်းအင်္ကျီကို ရောင်းချရန် အွန်လိုင်းတွင် စတင်ဖော်ပြ ခဲ့ကြောင်း သိရှိရသည်။
မန်ယူအသင်းသည် အမ်ခီတာယန်ကို ပေါင်(၃၄)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဟု သတင်းများထွက်ပေါ်နေခဲ့ပြီး ယခုဖြစ်ရပ်ကြောင့် ယင်းအပြောင်းအရွှေ့မှာ ပိုမိုသေချာသွားခဲ့သည်။
မန်ယူအသင်းသည် ဝက်ဘ်ဆိုက်မှတစ်ဆင့် အမ်ခီတာယန်အမည်ပါ အပြာရောင် အဝေးကွင်းအင်္ကျီ၏ တန်ဖိုးများကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး အချိန်ပိုင်းအတွင်း ပြန်လည် ဖျက်သိမ်းခဲ့သော်လည်း ဗြိတိန်မီဒီယာအချို့က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မန်ယူအသင်းအနေဖြင့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ယနေ့ တရားဝင်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး အမ်ခီတာယန်နှင့် အပြောင်းအရွှေ့ကိုလည်း ဆက်တိုက်မြင်တွေ့ရဖွယ်ရှိကြောင်း သုံးသပ်ခဲ့ကြသည်။