မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် MNL ကလပ် ဧရာဝတီအသင်း၏ လုပ်ပွဲသတင်းများ ထွက်ပေါ်လာပြီးနောက် ယင်းကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ဇွန် ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
MFF အနေဖြင့် လုပ်ပွဲကစားမှု (Match Fixing) နှင့် မည်သည့် မသမာမှုကို မဆို လက်ခံမည် မဟုတ်ကြောင်းနှင့် ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
MNL ထိပ်သီးကလပ် ဧရာဝတီအသင်း ဖွဲ့စည်းပုံတွင် ပါဝင်နေသူ တစ်ဦးနှင့် ကစားသမား အချို့မှာ ပြည်တွင်း ပွဲစဉ်များနှင့် AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် တစ်ပွဲတွင် လုပ်ပွဲကစားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ယင်းအတွက်ကြောင့် MFF သည် ဧရာဝတီအသင်း၏ လုပ်ပွဲပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာအပြီး တစ်ရက်အကြာမှာပင် သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီ အမြန်ဆုံး ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကော်မတီတွင် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA)၊ အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ဘောလုံးကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်သည်။ MFF က ဖွဲ့စည်းမည့် စုံစမ်းစစ်ဆေးရေး ကော်မတီသည် သံသယဖြစ်ဖွယ်ရှိသည့် ပွဲစဉ်များကို စစ်ဆေးသွားမည်ဖြစ်ပြီး မသမာမှုများနှင့် သံသယ ဖြစ်ဖွယ်ရှိသည့် ကိစ္စရပ်များ တွေ့ရှိပါက စုံစမ်းစစ်ဆေးရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ သတင်းပေးပို့နိုင်ကြောင်း သိရသည်။ MFF သည် လုပ်ပွဲကစားကြောင်း တွေ့ရှိပါက ဘောလုံးလောကမှ ရာသက်ပန် ပိတ်ပင်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
MFF သည် ပရော်ဖက်ရှင်နယ်လိဂ်ဖြစ်သည့် MNL ပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ကျင်းပခဲ့ပြီး လုပ်ပွဲပြဿနာ ကြီးကြီးမားမား ပေါ်ပေါက်ခဲ့ခြင်း မရှိဘဲ ၂၀၁၄ ရှုံးထွက်ပြိုင်ပွဲတွင် နာမည်ကြီးအသင်း တစ်သင်း လုပ်ပွဲကစားခဲ့ကြောင်း တိုင်ကြားမှု ရှိသော်လည်း ယင်းတိုင်ကြားမှုမှာ မှန်ကန်ခြင်းမရှိဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဧရာဝတီအသင်း၏ လုပ်ပွဲသတင်းများ ထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းကာ ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်