ဖားကန့်သို့ ယာဉ်ယန္တရားတင်သွင်းမှုကိစ္စ စုံစမ်းစစ်ဆေးမှု သတင်းရေးသားဖော်ပြခြင်းအတွက် The Daily Eleven သတင်းစာမှ တာဝန်ခံအယ်ဒီတာနှင့် သတင်းရေးသားသူအား ပုဒ်မ ၅၀၀ ဖြင့် ကချင်ပြည်နယ် စီမံ/စီးပွားဝန်ကြီးဟောင်း ဒေါက်တာခင်မောင်ထွန်း က တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေအား ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇွန် ၂၂ ရက်က စစ်ဆေးခဲ့သည့် ရှစ်ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေဖြစ်သူ ဦးကြည်ဝင်းကို စစ်ဆေးမှုတွင် ၎င်းမှာ တရားလိုဖြစ်သူ ဒေါက်တာခင်မောင်ထွန်းနှင့် ရင်းနှီးခဲ့သည်မှာ နှစ် ၂၀ ကျော်ရှိပြီး ၎င်းအနေဖြင့်လည်း ရပ်ကွက်ဥက္ကဋ္ဌအဖြစ် ၁၅ နှစ် လုပ်ကိုင်ခဲ့ဖူးကြောင်း၊ ၎င်း၏ မိတ်ဆွေဖြစ်ပြီး မန္တလေးမြို့တွင် နေထိုင်သူအချို့က အဆိုပါသတင်းနှင့် ပတ်သက်ကာ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုများ ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ထ့ိုပြင် ၎င်းအနေဖြင့်လည်း The Daily Eleven နေ့စဉ်ထုတ် သတင်းစာကို နေ့စဉ်ယူပြီး ဖတ်ရှုသူ တစ်ဦးဖြစ်ကြောင်း၊ သတင်းအား တွေ့ရှိပြီးနောက်တွင် တရားလို ဒေါက်တာခင်မောင်ထွန်း ဖားကန့်ကိစ္စ စစ်ဆေးခံနေရမှုနှင့် ပတ်သက်ပြီး ဒေါက်တာခင်မောင်ထွန်း၏ နေအိမ်သို့ သွားရောက်ခဲ့ရာ ဒေါက်တာခင်မောင်ထွန်းမှ ဖြစ်စဉ်အမှန်ကို သိလိုသဖြင့် ခေါ်ယူမေးမြန်းခြင်းသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ထွက်ဆိုခဲ့သည်။
စွပ်စွဲခံရသူများ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အိအိထွေးက ဦးကြည်ဝင်းအား အဓိကထွက်ဆိုချက်များနှင့် ပတ်သက်ပြီး “သတင်းစာအား ဖတ်ရှုရာတွင် အစ၊ အဆုံး ဖတ်ရှုပါသလား”ဟု မေးမြန်းခဲ့ရာတွင် ဖတ်ကြောင်း၊ သတင်းအားလုံးကို ဖတ်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပြီး”ဒေါက်တာ ခင်မောင်ထွန်း၏ သတင်းအား ဖတ်ရှုခဲ့ရသည်ဆိုလျှင် မည်သည့်စာမျက်နှာနှင့် မည်သည့်ကော်လံတွင်ပါကြောင်း ပြောပြနိုင်ပါသလားဟု မေးမြန်းခဲ့ရာတွင် ခေါင်းကြီးပိုင်းတွင် ပါဝင်ခြင်းဖြစ်ပြီး နောက်ဆက်တွဲ စာမျက်နှာတွင်ပါကြောင်း၊ မည်သည့်စာမျက်နှာတွင် ပါဝင်ခြင်းဖြစ်သည်ကို မမှတ်မိကြောင်း ထွက်ဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်၏ ထွက်ချက်တွင် ဒေါက်တာ ခင်မောင်ထွန်းအား စစ်ဆေးခြင်း မဟုတ်ကြောင်း ခေါ်ယူမေးမြန်းခြင်းသာဖြစ်ကြောင်း ထွက်ဆိုချက်မှာ ဒေါက်တာခင်မောင်ထွန်း၏ ပြောပြချက်အရသာဖြစ်သည် ဆိုလျှင်” ဟု မေးမြန်းရာတွင်လည်း ၎င်းက “ဟုတ်မှန်ကြောင်း” ဖြေကြားခဲ့သည်။
ထို့ပြင် ၂.၁.၂၀၁၆ ရက်ထုတ် The Daily Eleven သတင်းစာတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ အတွင်းရေးမှူးနှင့် စီမံ/စီးပွားဝန်ကြီးတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဆေးနေဟူသော သတင်းဖော်ပြမှုတွင် ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ အကျယ်ချုပ် အကျခံရခြင်းစသည့် စကားရပ်များ မပါရှိဟုဆိုလျှင် မှန်ကန်ပါသလားဟု မေးမြန်းရာတွင်လည်း မှန်ကန်ကြောင်း တရားလိုပြသက်သေ ဦးကြည်ဝင်းက ဆက်လက်ထွက်ဆိုခဲ့ကြောင်း သိရသည်။
ယခုတရားစွဲဆိုထားသော အမှုနှင့်ပတ်သက်ပြီး တရားလို ဒေါက်တာခင်မောင်ထွန်းအပါအဝင် တရားလိုပြသက်သေ သုံးဦးဖြစ်သည့် ဒေါက်တာခင်မောင်ထွန်း၏ဇနီး ဒေါ်ရယ်ဂျီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည့် ဦးသိန်းထွန်း၊ ရပ်ကွက်ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်သူ ဦးကြည်ဝင်းတို့ကို စစ်ဆေးခဲ့ပြီးနောက် ကျန်ရှိသည့် တရားလိုပြသက်သေ နှစ်ဦးကိုလည်း လာမည့် ဇူလိုင် ၅ ရက် ရုံးချိန်းတွင် အပြီးစစ်ဆေးရန်ရှိကြောင်းလည်း သိရသည်။
ဖားကန့်ဒေသသို့ စက်ယန္တရားကြီးများ တင်သွင်းသည့်ကိစ္စများနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက လေးကြိမ်တိုင် စစ်ဆေးမှုများ ရှိခဲ့ကြောင်းနှင့် ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကို အလုပ်မှ ထုတ်ပယ်ခဲ့ကာ ကန်ပိုက်တီးနယ်စပ်ဂိတ်မှ အရာရှိအဆင့် ဝန်ထမ်းသုံးဦးကို ခြောက်လစာ လစာတိုးပေးမှု ရပ်ဆိုင်းပြစ်ဒဏ်များ ချမှတ်ထားခဲ့သည်။
ဖားကန့်ဒေသသို့ စက်ယန္တရားကြီးများ တင်သွင်းနေမှု၊ ကျောက်စိမ်းအလွန်အကျွံ တူးဖော်နေမှုများနှင့် ပတ်သက်ပြီး ယခင်အစိုးရ လက်ထက်က ပြည်ထောင်စုအဆင့် စစ်ဆေးမှု ပထမအကြိမ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်သောအဖွဲ့က ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ယခင် အစိုးရလက်ထက်က ဒုတိယအကြိမ်အဖြစ် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ မီးရထားဒုဝန်ကြီး ဦးချန်မောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့က စသုံးလုံးအရာရှိများနှင့်အတူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းများတွင် အသုံးပြုနေသော ယာဉ်ယန္တရားများ မှတ်ပုံတင်မှု ရှိ၊ မရှိ အခွန်ကိစ္စရပ်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကျောက်စိမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထ့ိုပြင် တတိယအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ဖားကန့်ဒေသတွင် ရောက်ရှိနေသည့် ယာဉ်ယန္တရားများကို စစ်ဆေးခဲ့သည့်အပြင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဝင် ဦးမောင်ရှိန် ဦးဆောင်သောအဖွဲ့က ဖားကန့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရဲဌာန၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများကိုလည်း တစ်ပတ်နီးပါးအကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖားကန့်သို့ ယာဉ်ယန္တရား တင်သွင်းမှုနှင့်ပတ်သက်၍ ယခင်အစိုးရ ပြည်နယ်ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်ထွန်းက The Daily Eleven သတင်းစာမှ တာဝန်ခံအယ်ဒီတာနှင့် သတင်းရေးသားသူအား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှု တရားလိုပြသက်သေအား စစ်ဆေး