အသင်းလက်မဲ့ ဖြစ်နေသည့် နာမည်ကြီးနည်းပြ မော်ရင်ဟိုကို အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားက ခေါ်ယူလိုကြောင်း အင်ဒိုနီးရှား အားကစားဝန်ကြီး အီမန်နာရာဝီ၏ ပြောကြားချက်အရ သိရသည်။နာရာဝီသည် ပြီးခဲ့သည့် မေ ၉ ရက်က အစိုးရပိုင် Antara သတင်းဌာနနှင့်တွေ့ဆုံ စဉ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး မော်ရင်ဟို အား ခေါ်ယူရန် မလွယ်ကူသော်လည်း ဆွေးနွေးမှု ပြုလုပ်ခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။"ဒီကိစ္စက အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဒီစိတ်ကူးအတွက် သမ္မတ ဝီဒိုဒိုနဲ့ ဆွေးနွေးဖူးပါတယ်" ဟု နာရာဝီက ဆိုသည်။ ထို့ပြင် ၎င်းက Plan B အနေဖြင့် ချယ်လ်ဆီးအသင်း ယာယီနည်းပြ ဂူဟစ်ဒင့်ကို ခေါ်ယူရန် စီစဉ်ထားကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများသည် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ပြီးခဲ့သည့်နှစ် မေလကတည်းက နိုင်ငံတကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ခြေစစ်ပွဲများကို ယှဉ်ပြိုင်ခွင့် မရခဲ့ကြောင်း သိရသည်။ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံကလည်း မော်ရင်ဟိုအား နည်းပြအဖြစ် ခန့်အပ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး ၎င်းကိုယ်တိုင်က ကိုင်တွယ်မည့် အသင်းသစ်ကို နွေရာသီတွင် ရွေးချယ်မည်ဟု ပြောကြားထားသည်။
အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုကို အင်ဒိုနီးရှား ခေါ်ယူလို
Most Read
Most Recent
12 hours ago
13 hours ago
13 hours ago
13 hours ago