အိမ်ကွင်းမှာ သရေရလဒ်သာ ရရှိခဲ့လို့ အဝေးကွင်းမှာ ရုန်းကန်ရတော့မယ့်မန်စီးတီး

အိမ်ကွင်းမှာ သရေရလဒ်သာ ရရှိခဲ့လို့ အဝေးကွင်းမှာ ရုန်းကန်ရတော့မယ့်မန်စီးတီး
Published 27 April 2016

မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ပေးဂိုးမပေးခဲ့ရပေမယ့် သရေရလဒ်သာ ရရှိခဲ့လို့ ဒုတိယအကျော့မှာ ရုန်းကန်သွားရတော့မှာပါ။ မန်စီးတီးအသင်းက ဒီနေ့ပွဲမှာ ရီးယဲလ်တိုက်စစ်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ပဲ အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်။ အထူးသဖြင့် ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား ဒဏ်ရာရရှိပြီး နောက်ပိုင်း မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားအားက သိသိသာသာကျဆင်းခဲ့ပါတယ်။ ဒီဘရိုင်းတစ်ဦးတည်းသာ ပုံစံကောင်းအချို့ကိုပြသနိုင်ခဲ့ပြီး အဂွဲရိုး၊ နာဗတ်စ်တို့ကတော့ ထင်သလာက်ခရီးမပေါက်ခဲ့ပါဘူး။ စီရော်နယ်လ်ဒို မပါနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းကလည်း တိုက်စစ်ကိုထိထိရောက်ရောက်မကစားနိုင်ခဲ့လို့ ဘောလုံးက ကွင်းလယ်မှာပဲအပျက်များနေခဲ့ပါတယ်။ဒုတိယပိုင်းအရာက်မှာတော့ ရီးယဲလ်မက်ဒရစ်ကပို ဖိအားပေးနိုင်ခဲ့ပြီး ဘေးလ်၊ မိုဒရစ်တို့ရဲ့တစ်ဦးချင်းစွမ်းအင်တွေနဲ့ မန်စီးတီးအသင်းကို ဖိအားပေးခဲ့ပါတယ်။ ရီးယဲလ်အတွက်နစ်နာခဲ့တာက ဟယ်ဆေးရဲ့ ခေါင်းတိုက်ဂိုးသွင်းမှု ဂိုးဘားတန်းထိခဲ့သလို၊ ပီပီရဲ့အပိုင်ကန်သွင်းမှုကိုလည်း ဂျိုးဟတ်ကာကွယ်သွားနိုင်ခဲ့တာပါ။ မန်စီးတီးအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ရေရေရာရာမရှိခဲ့ဘဲ နောက်ဆုံးမိနစ်ရောက်မှ ဒီဘရိုင်းရဲ့ ပြစ်ဒဏ်ဘောကန်သွင်းချက်ပဲ ရီးယဲလ်ဂိုးပေါက်ကို ခြိမ်းခြောက်သွားနိုင်ခဲ့တာပါ။ ဒါကြောင့်ပဲ ဒုတိယအကျော့ပွဲစဉ်အဖြစ်ကစားရမယ့် ပြိုင်ဘက်တွေခက်ခဲလေ့ရှိတဲ့ ဘာနေဗျူးမှာ မန်စီးတီးအသင်း ရုန်းကန်သွားရတော့မှာပါ။ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရလဒ်===================မန်စီးတီး ဝ-၀ ရီးယဲလ်မက်ဒရစ်လိဂ်ချန်ပီယံရှစ်ရလဒ်=============ဟားလ်စီးတီး ၂-၀ ဘရန့်ဖို့ဒ်