အင်တာမီလန်အသင်း အာရှဆိုင်ရာ ဈေးကွက်တာဝန်ခံ အဒမ်ပါဖရီနှင့် တာဝန်ရှိသူမာျးသည် ဧပြီ ၂၆ ရက်က ရန်ကုန်မြို့သို့ လာရောက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူများ၊ ရန်ကုန်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လူငယ်ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။အင်တာမီလန်အသင်း ကိုယ်စားလှယ်များသည် MFF မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အကယ်ဒမီများမှ လူငယ်ဘောလုံးသမားများ အရည်အသွေးပိုင်း တိုးတက်လာရန် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ လူငယ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ဘောလုံးနှင့်ပတ်သက်သည့် ကိစ္စရပ်များ ဆောင်ရွက်ရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံမှုအပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းသို့ သွားရောက်ကာ လူငယ်ဘောလုံးအကယ်ဒမီ ဖွင့်လှစ်ရေးအတွက် ရန်ကုန်အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။အင်တာမီလန်အသင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုမှာ ပထမအဆင့် ဆွေးနွေးမှုသာ ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီးမှသာ ပူးပေါင်းဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အင်တာမီလန်အသင်း ကိုယ်စားလှယ်များ လူငယ်ဘောလုံးဖွံ့ဖြိုးရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ရန်ကုန်ယူနိုက်တက် အသင်းတို့နှင့် လာရောက်ဆွေးနွေး