ဒီတစ်ပတ်မှာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ရှိနေတာကြောင့် ပရီးမီးယားလိဂ် ၇ ပွဲသာ ယှဉ်ပြိုင် ကစားသွားမှာပါ။ ချန်ပီယံပြေးလမ်းပေါ်က လက်စတာနဲ့ စပါးအသင်းတို့ဟာ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ပြိုင်ဘက်တွေကလည်း အမှတ်လိုအပ်ချက်နည်းတဲ့ ဆွမ်ဆီး၊ ဝက်စ်ဘရွန်းတို့ ဖြစ်နေပါတယ်။ ထူးခြားတဲ့ပွဲစဉ်တစ်ခုကတော့ လီဗာပူးလ် - နယူးကာဆယ်ပွဲဖြစ်ပြီး နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်က အသင်းဟောင်း လီဗာပူးလ်ကွင်း အန်ဖီးလ်ကို ပြန်လာရမှာပါ။ လီဗာပူးလ်က ပရီးမီးယားလိဂ်ထက် ယူရိုပါလိဂ်ကို အာရုံစိုက်နေချိန်ဖြစ်ပြီး တန်းဆင်းဇုန်ထဲက ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်ကတော့ အမှတ်အသည်းအသန် လိုအပ်နေပါတယ်။ အသင်းဟောင်းဆီက ဘင်နီတက်ဇ် အမှတ် ပြန်ယူနိုင်မလားဆိုတာ . . .
■ မန်စီးတီး နှင့် စတုတ်စီးတီး
(၂၃-၄-၂၀၁၆ စနေ ည ၆း၁၅)
ပ-ကျော့ရလဒ် - စတုတ်စီးတီး ၂-၀ မန်စီးတီး
ကြားရက်မှာ မန်စီးတီး အမှတ်ပြည့်မရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တစ်ဖက်၊ ချန်ပီယံလိဂ်ပွဲတစ်ဖက်နဲ့ ဗျာများရတော့မယ်။ ဒါပေမဲ့ ကွန်ပနီ၊ စတာလင်တို့ ပြန်ကစားနိုင်ပြီဖြစ်လို့ လူစာရင်း အလှည့်အပြောင်း လုပ်ရင်တောင်တောင့်တင်းတဲ့ လူစာရင်းနဲ့ ကစားနိုင်မှာပါ။ နောက်ဆုံးသုံးပွဲမှာ ပေးဂိုး ၁၀ ဂိုးရှိခဲ့တဲ့ စတုတ် ဂိုးပြတ်ရှုံးဖို့ များတယ်။
■ ဘုန်းမောက် နှင့် ချယ်လ်ဆီး
(၂၃-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - ချယ်လ်ဆီး ဝ-၁ ဘုန်းမောက်
ပထမအကျော့က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘုန်းမောက်အနိုင်ရခဲ့သလို၊ လက်ရှိအချိန်မှာလည်း ချယ်လ်ဆီး ခြေကျနေလို့ ဘုန်းမောက် အခွင့်အရေး ရနိုင်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးက ၂၀၀၀-၀၁ ရာသီနောက်ပိုင်းမှာ တန်းတက်အသင်းတွေကို နှစ်ကျော့စလုံး မရှုံးတဲ့ အစဉ်အလာကို ပိုင်ဆိုင်ထားပါတယ်။ သရေကျဖို့ပါတယ်။
■လီဗာပူးလ် နှင့် နယူးကာဆယ်
(၂၃-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - နယူးကာဆယ် ၂-၀ လီဗာပူးလ်
လီဗာပူးလ်က အလှည့်ကျ လူထုတ်ပြီး ကစားနေပေမယ့် လူငယ်တွေနဲ့ ကစားတဲ့ပွဲတွေမှာတောင် ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်း ယိမ်းယိုင်မသွားဘူး။ ဒါပေမဲ့ နယူးကာဆယ်က သေရေးရှင်ရေး ရုန်းကန်နေတဲ့ အသင်းဖြစ်ပြီး ဘင်နီတက်ဇ်ကလည်း အန်ဖီးလ်အကြောင်း ကောင်းကောင်းသိတဲ့သူ ဖြစ်နေတယ်။ နယူးကာဆယ် အမှတ်ခွဲယူနိုင်ခြေ ရှိတယ်။
■ အက်စတွန်ဗီလာ နှင့် ဆောက်သမ်တန်
(၂၃-၄-၂၀၁၆ စနေ ည ၈း၃၀ )
ပ-ကျော့ရလဒ် - ဆောက်သမ်တန် ၁-၁ ဗီလာ
တန်းဆင်းသွားတဲ့ အက်စတွန်ဗီလာ အရှုံးနွံထဲက မထွက်နိုင်သေးဘူး။ အိမ်ကွင်းမှာတောင် ငါးပွဲဆက် ရှုံးထားပြီး ပရိသတ်ကို နှစ်သိမ့်နိုင်ပွဲယူပေးဖို့ ခက်ခဲနေတယ်။ ဆောက်သမ်တန်ကတော့ ဥရောပဝင်ခွင့်နဲ့ အလှမ်းဝေးနေပေမယ့် ပုံမှန်ခြေစွမ်းထိန်းထားတယ်။ ပယ်လေ၊ မာနေတို့လည်း ခြေစွမ်းပြနေလို့ ဆောက်သမ်တန်ကိုပဲ ရွေးရမှာပါ။
■ ဆန်းဒါးလန်း နှင့် အာဆင်နယ်
(၂၄-၄-၁၆ တနင်္ဂနွေ ည ရး၃၅ )
ပ-ကျော့ရလဒ် - အာဆင်နယ် ၃-၁ ဆန်းဒါးလန်း
အာဆင်နယ်က အဝေးကွင်းပွဲတွေမှာ ခံစစ်ပိုင်း စိတ်မချရဘူး။ အဝေးကွင်းနောက်ဆုံး လေးပွဲမှာ ပွဲတိုင်း နှစ်ဂိုးနဲ့ထက် သွင်းနိုင်ခဲ့ပေမယ့် တစ်ပွဲပဲ နိုင်ခဲ့တာကိုကြည့်ရင် သိနိုင်တယ်။ ဒါပေမဲ့ ဆန်းဒါးလန်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ ပွဲမှာ အာဆင်နယ် ရှုံးပွဲမရှိခဲ့ဘဲ ရှစ်ပွဲအထိ အနိုင်ရခဲ့တယ်။ အာဆင်နယ် ကပ်နိုင်သွားမယ်ထင်တယ်။
■ လက်စတာ နှင့် ဆွမ်ဆီး
(၂၄-၄-၁၆ တနင်္ဂနွေ ည ၉း၄၅ )
ပ-ကျော့ရလဒ် - ဆွမ်ဆီး ဝ-၃ လက်စတာ
အဓိက တိုက်စစ်မှူး ဗာဒီ ပွဲပယ်ခံထားရတာက လက်စတာကို ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်စေပါတယ်။ ခံစစ်ပိုင်းမာကျောမှုကို အားပြုပြီး ဆွမ်ဆီးရဲ့အမှားကို စိတ်ရှည်ရှည်စောင့်နိုင်ရင်တော့ လိုချင်တဲ့ရလဒ် ရနိုင်ပါတယ်။ ဆွမ်ဆီးက မာကျောပေမယ့် အဝေးကွင်းမှာလည်း အမှားများတဲ့အသင်းပါ။ သရေကျနိုင်ခြေရှိပေမယ့် လက်စတာကိုပဲ ရွေးထားတယ်။
■ စပါး နှင့် ဝက်စ်ဘရွန်း
(၂၆-၄-၂၀၁၆ အင်္ဂါ နံနက် ၁း၃၀ )
ပ-ကျော့ရလဒ် - ဝက်စ်ဘရွန်း ၁-၁ စပါး
လက်ကျန် လေးပွဲမှာ ဒီပွဲက စပါးအတွက် အချောင်ဆုံးပွဲလို့ ဆိုနိုင်ပါတယ်။ ဝက်စ်ဘရွန်းက တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေ ရှိပေမယ့် စုစည်းမှုကင်းမဲ့နေပြီး တိုနီပူးလစ် ကိုင်တွယ်တဲ့အသင်းလို့ မထင်ရလောက်အောင် ခံစစ်ပိုင်း လျော့ရဲနေတယ်။ ဟာရီကိန်း၊ အယ်လီ၊ အဲရစ်ဆင်တို့ တိုက်စစ်ဂိုးမြူးပြီး စပါးနိုင်ပွဲ ရယူသွားမှာပါ။
လက်စတာနဲ့ စပါး အိမ်ကွင်းမှာ ပွဲချောင်နေပြီး ဘင်နီတက်ဇ် အန်ဖီးလ်မှာ အမှတ်ပြန်လုမယ့် ရက်သတ္တပတ်
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago