လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ် ၇၂၆ ဘီလျံကျော် ရှိသော်လည်း စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံမှုမရှိသေးကြောင်း သိရသည်။လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ခြောက်လအတွင်း နိုင်ငံသားလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် စက်မှုဇုန်တည်ဆောက်မှုကဏ္ဍတို့တွင် မြှုပ်နှံမှုပြုလုပ်ကြခြင်း ဖြစ်ပြီး လုပ်ငန်းအားဖြင့် လုပ်ငန်းပေါင်း ၄၈ ခုရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ သိရသည်။ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံမှုပမာဏများမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၂၈ ဘီလျံကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ်၁၅၇ ဘီလျံကျော်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍတွင် ကျပ်၁၄၉ ဘီလျံကျော်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျပ် ၁၉၉ ဘီလျံကျော်၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ တွင် ကျပ်ဘီလျံ ၁၅၀ ကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ်ဘီလျံ ၂၀ ကျော်၊ စက်မှုဇုန် တည်ဆောက်မှုကဏ္ဍတွင် ကျပ်ငါးဘီလျံ ကျော်နှင့် သတ္တုကဏ္ဍတွင် ကျပ်နှစ်ဘီလျံကျော်နှင့် အခြားကဏ္ဍတို့တွင် ကျပ် ၁၇ ဘီလျံကျော် အသီးသီးဝင်ရောက် မြှုပ်နှံမှုပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။နိုင်ငံသားမြှုပ်နှံမှုကို ကြည့်မည်ဆိုပါကလည်း ယခင်ဘဏ္ဍာနှစ်တွင်လည်း လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံမှု လုံးဝမရှိခဲ့ကြောင်း သိရသည်။
ဘဏ္ဍာနှစ် ခြောက်လအတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ် ၇၂၆ ဘီလျံကျော် ရှိသော်လည်း စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံမှု မရှိသေး










