မြန်မာနိုင်ငံ ခရီးသွားတိုးမြှင့်မှု စီမံကိန်း ၂၀၁၃-၂၀၃၀ တွင် ခရီးသွား ဝင်ရောက်မှု သန်း ၂၀ ရရှိရန် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်မည်

မြန်မာနိုင်ငံ ခရီးသွားတိုးမြှင့်မှု စီမံကိန်း ၂၀၁၃-၂၀၃၀ တွင် ခရီးသွား ဝင်ရောက်မှု သန်း ၂၀ ရရှိရန် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်မည်
Published 28 February 2016

မြန်မာနိုင်ငံ ခရီးသွားတိုးမြှင့်မှု စီမံကိန်း ၂၀၁၃-၂၀၃၀ တွင် ခရီးသွား ဝင်ရောက်မှု သန်း ၂၀ ရရှိရန် နိုင်ငံတကာ အကူအညီဖြင့် ဗျူဟာချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ သိရသည်။ပြင်သစ်အခြေစိုက် ခရီးသွားနှင့် အွန်လိုင်းဟိုတယ် အခန်းငှား ဝန်ဆောင်မှုလုပ်ငန်း Jovago မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာမစ္စတာ Hugo Schleicher က “မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများတွင် စီးပွားရေး တိုးတက်မှု အမြန်ဆုံး နိုင်ငံများတွင် ပါဝင်လျက်ရှိပြီး ဝင်ငွေတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံသားများ၏ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှု တိုးတက်လာမည်ဟု ယုံကြည်ထားပြီး ပြည်တွင်းခရီးသွားလာမှု လွယ်ကူလျင်မြန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု ပြောကြားသည်။ထို့ပြင် နောင်တက်လာမည့် အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားများ ဝင်ရောက်လာမှု များပြားလာနိုင်သည်ဟု ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းမှ ကျွမ်းကျင်သူများက သုံးသပ်သည်။၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ၄ ဒသမ ၆၈ သန်း ဝင်ရောက်ခဲ့သောကြောင့် ယခင်နှစ်ထက် ၅၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုမှာ ခန့်မှန်း အရေအတွက် ပြည့်မီစေရန် ၂၀၂၀ ပြည့်နှစ်တွင် အနည်းဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ၁၀ လိုင်းမှ ၁၅ လိုင်းခန့် တိုးတက်လာစေရန် လိုအပ်ပြီး လေယာဉ်ကွင်းများ တိုးချဲ့ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးရန် လိုအပ်ပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ပြေးဆွဲပေးသော ပြည်တွင်း လေကြောင်းလိုင်းများလည်း တိုးတက် များပြားလာရန် လိုအပ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် နိုင်ငံခြား ခရီးသွားများအကြား ရေပန်းစားနေသောကြောင့် ဆက်လက်တိုးတက်မည်ဟု မျှော်မှန်းထားပြီး မြန်မာ့ဟိုတယ်နှင့် ခရီးသွားဖွံ့ဖြိုးမှု စီမံကိန်း (၂၀၁၃-၂၀၂၀) ကို ရေးဆွဲထားကာ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားသား ခရီးသွား ၇ ဒသမ ၄၉ သန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဦးဌေးအောင်က ဆိုသည်။ထို့ပြင် ခရီးသွားလုပ်ငန်းမှ တစ်ဆင့် တိုင်းပြည်၏ GDP တိုးတက်မြင့်မားစေမှု ဆင့်ပွား ရလဒ်များအဖြစ် နိုင်ငံခြားဝင်ငွေ ရရှိစေရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိမှုတို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်များက မီးခိုးမထွက်သော စက်ရုံဟု ခရီးသွားလုပ်ငန်း ကဏ္ဍအား တင်စား အဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent