သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) စက်မှုဇုန် သီးသန့်မြေ ၁၅၀ ဟက်တာ၏ Phase-2 အကောင်အထည်ဖော်မှု ရာခိုင်နှုန်း ၇၀ ပြီးစီးနေပြီး ၂၀၁၆ နှစ်လယ်တွင် အပြီးသတ်မည်

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) စက်မှုဇုန် သီးသန့်မြေ ၁၅၀ ဟက်တာ၏ Phase-2 အကောင်အထည်ဖော်မှု ရာခိုင်နှုန်း ၇၀ ပြီးစီးနေပြီး ၂၀၁၆ နှစ်လယ်တွင် အပြီးသတ်မည်
Published 26 February 2016
သက်ထား

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) စက်မှုဇုန် သီးသန့်မြေ ၁၅၀ ဟက်တာ၏ Phase-2 အတွက် အကောင်အထည်ဖော်မှု ရာခိုင်နှုန်း ၇၀ ပြီးစီးနေပြီး ၂၀၁၆ နှစ်လယ်တွင် အပြီးသတ်မည်ဖြစ်ကြောင်း Myanmar-Japan Thilawa Development limited မှသိရသည်။သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ၃၉၆ ဟက်တာအနက် စက်မှုဇုန် သီးသန့်မြေ ၁၅၀ ဟက်တာ Phase-2 အတွက် အကောင်အထည်ဖော်မှုမှာ တည်ဆောက်ဆဲကာလ ဖြစ်သော်လည်း Phase-1 ၏ ၂၁၁ ဟက်တာရှိသော Industrial Estate တည်ဆောက်မှုသည် ၂၀၁၅ နှစ်လယ်တွင် စတင်ခဲ့ကြောင်း သိရသည်။“သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) အကောင်အထည်ဖော်မှုက phase-2 ကရာခိုင်နှုန်း ၇၀ ပြီးစီးနေပါပြီ။ ဒီနှစ်လယ်ပိုင်းမှာ အပြီးသတ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ Phase-1 မှာဆို စက်ရုံ ၂၀ စတင် ဆောက်လုပ်နေတယ်။ နောက်ထပ်စက်ရုံ ၁၀ ရုံကလည်း စဖို့ပြင်ဆင် ဆောင်ရွက်နေတယ်” ဟု Myanmar-Japan Thilawa Development limited မှတာဝန်ရှိသူ တစ်ဦးက ဆိုသည်။သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) အကောင်အထည်ဖော်မှုတွင် Phase-1 ၏ ၂၁၁ ဟက်တာရှိသော Industrial Estate? Phase-2 ၏ ၁၅၀ ဟက်တာရှိသော Industrial Estate နှင့် Phase-3 ၏ ၃၅ ဟက်တာရှိသော Residential & Commercial Area ဟူ၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်ကို အပိုင်း (က)၊ အပိုင်း (ခ) ဟူ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကာ အပိုင်း (က) ၏ Phase-1,2,3 အကောင်အထည်ဖော် ပြီးစီးသည့်အခါ အပိုင်း (ခ) ကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကိုယ်စား သီလဝါ အထူးစီးပွားရေးဇုန် ကော်မတီမှ ၁၀ ရာခိုင်နှုန်း၊ Myanmar Thilawa Sez Holdings Public Limited မှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ MMST  ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း၊ ဂျပန်အစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ၁၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်းမြန်မာ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent