မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍတွင် ယခုနှစ် ဇန်နဝါရီ လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရှိနေပြီး တစ်လအတွင်း ဒေါ်လာ သန်း ၁၀၀ ကျော်ဝင်ရောက်

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍတွင် ယခုနှစ် ဇန်နဝါရီ လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရှိနေပြီး တစ်လအတွင်း ဒေါ်လာ သန်း ၁၀၀ ကျော်ဝင်ရောက်
Published 21 February 2016
နီလာ

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍအတွင်း ယခုနှစ် ဇန်နဝါရီ လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် ရှိနေပြီး ဇန်နဝါရီ တစ်လအတွင်း ဒေါ်လာသန်း ၁၀၀ ကျော်  ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။အဆိုပါ ပမာဏသည် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ လကုန်အထိ ဝင်ရောက်ခဲ့သည့် ပမာဏ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ လကုန်အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်သာ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အိမ်ခြံမြေကဏ္ဍအတွင်းသို့ ဒေါ်လာ ၂၆၂၂ ဒသမ ၇၇၁ သန်းအထိ ဝင်ရောက်လာသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လကုန်အထိ အမေရိကန်ဒေါ်လာ ဘီလျံ၂၀ နီးပါး ဝင်ရောက်ထားကာ လျှပ်စစ်စွမ်းအား ကဏ္ဍတွင် ဒေါ်လာ ၁၉ ဘီလျံကျော် ဝင်ရောက်ထားသည်။အရှေ့တောင်အာရှ၏ စီးပွားရေးဇုန် တစ်ခုဖြစ်သော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အခြားသော မြို့များထက် ပိုမိုသက်ရောက်မှုရှိခဲ့ပြီး ဈေးများလည်း တစ်ဟုန်ထိုး တက်လာခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများသို့ စီးပွားရေး ကဏ္ဍအား ချိတ်ဆက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း နိုင်ငံအတွင်းရှိ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း House.com. mm မှဖော်ပြထားသည်။စီးပွားရေး တိုးတက်မှုနှုန်း မြန်ဆန်မှုနှင့် အာရှ၏ လက်ရှိဖြစ်တည်နေသည့် ဈေးကွက်အကျိုးအမြတ်များမှာ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်မှု ဖြစ်စေကြောင်း၊ House.com. mm ၏မိခင်ကုမ္ပဏီဖြစ်သော အပြည်ပြည်ဆိုင်ရာ အိမ်ခြံမြေကွန်ရက် တစ်ခုဖြစ်သည့် Lamudi မှ အာရှဒေသအတွင်းရှိ ၂၀၁၆ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နံှရန် သင့်တော်သော နိုင်ငံအချို့ကို ထုတ်ပြန်ခဲ့သည်။ ယင်းမြို့များမှာ လတ်တလော အရှိန်အဟုန်ဖြင့် တိုးတက်လျက် ရှိနေပြီး အိမ်ခြံမြေ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်နေသည့် ဖိလစ်ပိုင်၊ မြန်မာ၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ မြို့များဖြစ်သည်။

Most Read

Most Recent