မြေလက်ဝါးကြီးအုပ်မှုနှင့် မြေဈေးကစားမှုကို ကာကွယ်ရန် မြေဧက လက်ဝယ်ထားရှိမှု ပမာဏအလိုက် အခွန်အခနှုန်းထား တိုးမြှင့်ကောက်ခံခြင်း၊မြေလပ်ခွန် စည်းကြပ်ကောက်ခံခြင်းနှင့် အခြားမြေခွန် စည်းကြပ်ကောက်ခံခြင်း နည်းလမ်းများ အသုံးပြုသည့်မူ ချမှတ်ရမည်ဟု အမျိုးသား...

မြေလက်ဝါးကြီးအုပ်မှုနှင့် မြေဈေးကစားမှုကို ကာကွယ်ရန် မြေဧက လက်ဝယ်ထားရှိမှု ပမာဏအလိုက် အခွန်အခနှုန်းထား တိုးမြှင့်ကောက်ခံခြင်း၊မြေလပ်ခွန် စည်းကြပ်ကောက်ခံခြင်းနှင့် အခြားမြေခွန် စည်းကြပ်ကောက်ခံခြင်း နည်းလမ်းများ အသုံးပြုသည့်မူ ချမှတ်ရမည်ဟု အမျိုးသား...
Published 4 February 2016
ဖြိုးဝေ

မြေလက်ဝါးကြီးအုပ်မှုနှင့် မြေဈေးကစားမှုကို ကာကွယ်ရန် မြေဧက လက်ဝယ်ထားရှိမှု ပမာဏအလိုက် အခွန်အခနှုန်းထား တိုးမြှင့်ကောက်ခံခြင်း၊မြေလပ်ခွန် စည်းကြပ်ကောက်ခံခြင်းနှင့် အခြားမြေခွန် စည်းကြပ်ကောက်ခံခြင်း နည်းလမ်းများ အသုံးပြုသည့်မူ ချမှတ်ရမည်ဟု အမျိုးသား မြေအသုံးချမှု မူဝါဒတွင်ဖော်ပြ
မြေလက်ဝါးကြီးအုပ်မှုနှင့် မြေဈေးကစားမှုကို ကာကွယ်ရန်အလို့ငှာ မြေဧက လက်ဝယ်ထားရှိမှု ပမာဏအလိုက် အခွန်အခ နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်း၊ မြေလပ်ခွန် စည်းကြပ်ကောက်ခံခြင်းနှင့် အခြားမြေခွန် စည်းကြပ်ကောက်ခံခြင်း နည်းလမ်းများ အသုံးပြုသည့်မူကို ချမှတ်ရမည်ဟု အမျိုးသား မြေအသုံးချမှု မူဝါဒတွင် ဖော်ပြခဲ့ကြောင်း သိရသည်။
အရပ်ဘက ်အဖွဲ့အစည်းများနှင့် ပြည်သူများ ပါဝင်သိရှိခွင့် မရရှိဘဲ ရေးဆွဲခဲ့သည်ဟုဆိုကာ ကန့်ကွက်မှုများ ကြုံခဲ့ရသည့် အမျိုးသား မြေအသုံးချမှုမူဝါဒ(မူကြမ်း)ကို ဆဌမအကြိမ်မြောက် ပြင်ဆင်ပြီးနောက်တွင် ၂၀၁၆ ဇန်နဝါရီတွင် အမျိုးသား မြေအသုံးချမှု မူဝါဒအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါ မူဝါဒကို ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ရမည် ဆိုသည့် အချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
မြေလက်ဝါးကြီးအုပ် သိမ်းယူမှု ပြဿနာကို တားဆီးနိုင်ရန် အမျိုးသားမြေဥပဒေနှင့် မြေအုပ်ချုပ်မှုစနစ်တွင် အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို လုပ်ပိုင်ခွင့်ပြုရန် သို့မဟုတ် ငှားရမ်းရန်ခွင့်ပြုရာတွင် အများဆုံး အရွယ်အစားကို သတ်မှတ်ခြင်း၊ ကုမ္ပဏီတစ်ခုချင်းအလိုက် ယင်း၏ စွမ်းဆောင်ရည်အပေါ် အခြေပြု၍ ကန့်သတ်ချက်များ သတ်မှတ်ခြင်း၊ အငြင်းပွားမှုဖြစ်နေသည့် မြေများတွင် မြေလုပ်ပိုင်ခွင့်ပြုခြင်းကို ဆိုင်းငံ့ခြင်း၊ မြေလက်ဝါးကြီးအုပ် သိမ်းယူမှုဆိုင်ရာ ကိစ္စရပ်များကို တရားရုံးတွင် အရေးယူနိုင်ရန် တားမြစ်ချက်များ သတ်မှတ်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း အမျိုးသားမြေ အသုံးချမှု မူဝါဒတွင် ဖော်ပြထားသည်။
ထို့ပြင် မြေနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် မဖြစ်ပေါ်စေရေးအတွက် တားဆီးခြင်းတို့ပြုရာတွင် ဒေသခံများနှင့် ပညာရှင်များ ပါဝင်စေခြင်းနှင့် သက်ဆိုင်သူများကို ကောင်းစွာကြိုတင အသိပေးထားသည့် လွတ်လပ်သော သဘောထားဆန္ဒ ရယူခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စိစစ်မှုနှင့် လူမှုရေး အကျိုးသက်ရောက်မှုဆိုင်ရာ ဆန်းစစ်ချက်များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြေနှင့်ဆက်စပ်သည့် အခွန်အခများ စည်းကြပ်ခြင်း၊ မြေလွှဲပြောင်းခနှင့် ထိုက်သင့်သော တံဆိပ်ခေါင်းခွန် ကိစ္စရပ်များအတွက် မြေနှင့်ဆက်စပ်သည့် အခွန်အခနှုန်းထားများ သတ်မှတ်ခြင်း၊ မြေခွန်နှင့် အခြားအခွန်အခ စည်းကြပ်ခြင်း ကောက်ခံခြင်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ပြင် မြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်း၊ မြေလုပ်ပိုင်ခွင့် ခိုင်မာခြင်း၊ မြေဈေးကွက်ဖွံ့ဖြိုးခြင်း၊ ပတ်ဝန်းကျင် မြေအရင်းအမြစ် ကာကွယ်ခြင်းတို့ကို ရေရှည်တည်ရှိစေရန် အခြေခံသော ဘဏ္ဍာရေး လုပ်ငန်းစဉ်များဖြစ်သည့် ညီညွတ်မျှတသော မြေခွန်စည်းကြပ် ကောက်ခံခြင်းနှင့် ပွင့်လင်းမြင်သာသော မြေလွှဲပြောင်း ကောက်ခံခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိမြေနှင့် ဆက်စပ်သည့် အခွန်အခ နှုန်းထားများနှင့် မြေခွန်အုပ်ချုပ်ရေး စနစ်ကို ပြင်ဆင်နိုင်ရန် မျှတ၍ သာတူညီမျှရှိသော အခွန်နှုန်းထားဖြင့် ကောက်ခံရန် အကောင်းဆုံးသော နည်းလမ်းများ သတ်မှတ်ခြင်း၊ အခြေခံ စားဝတ်နေရေးအတွက် စိုက်ပျိုးလုပ်ကိုင်သော တောင်သူလယ်သမားများ၏ စားဝတ်နေရေး လုံခြုံခိုင်မာမှုအတွက် သင့်လျော်သော ခြွင်းချက် သို့မဟုတ် အခွင့်အရေးပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ သို့မဟုတ် ပြည်ထောင်စုနယ်မြေ (နေပြည်တော် ကောင်စီနယ်မြေ) များက သတ်မှတ်ထုတ်ပြန်သည့် မြေ၏ ကာလတန်ဖိုး သတ်မှတ်ချက် စံနှုန်းများနှင့် မြေခွန်နှုန်းထားများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ အားလုံးတွင် ကြော်ငြာထားခြင်း၊ မြေအသုံးချသူ အားလုံးထံမှ မြေနှင့်ဆက်စပ်သည့် အခွန်အခများ စည်းကြပ်ကောက်ခံရာတွင် ပွင့်လင်းမြင်သာသည့် အုပ်ချုပ်မှု လုပ်ငန်းစဉ်ဖြင့် စည်းကြပ်ကောက်ခံခြင်း၊ မြေနှင့်ဆက်စပ်သည့် အခွန်အခနှုန်းထားများနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မျှတမှုနှင့် သာတူညီမျှမှု မရှိပါက မြေအသုံးချသူများက ပြန်လည်တင်ပြခွင့် ရရှိနိုင်ရန် ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူပြီး ဘက်မလိုက်သည့် လုပ်ငန်းစဉ်တစ်ရပ် ထူထောင်ခြင်းနှင့် မြေနှင့်ဆက်စပ်သည့် အခွန်အခများ စည်းကြပ်ကောက်ခံခြင်းနှင့် အသုံးပြုခြင်း လုပ်ငန်းစဉ်များကို ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြေဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ချေးငွေအတွက် အာမခံ တင်သွင်းခြင်းနှင့် အခြားနည်းဖြင့် မြေအသုံးချခွင့် လွှဲပြောင်းခြင်းများ ဆောင်ရွက်ရာတွင် သင့်လျော်မျှတသည့် စရိတ်ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော မြေဈေးကွက်များ ချောမွေ့စွာ လည်ပတ်ရေးနှင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်နှင့် ထိုက်သင့်သော မြေလွှဲပြောင်းခနှင့် တံဆိပ်ခေါင်းခွန်များသည် မျှတခြင်း၊ သာတူညီမျှခြင်းနှင့် သင့်လျော်ခြင်း ရှိရမည့်အပြင် အခွန်ကောက်ခံခြင်း ပေးသွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် ရှင်းလင်းမှု ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ကြောင်း အထက်ပါ မူဝါဒက ဆိုသည်။
ထို့ပြင် မြေဈေးကွက်ရှိ များပြားလာသော မြေလွှဲပြောင်းမှုများကို အချိန်မီတိကျစွာ ဆောင်ရွက်နိုင်ရန် မြေဈေးကွက်တွင် ပါဝင်သူအားလုံးထံမှ မြေနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် ရယူခြင်းနှင့် မြေလွှဲပြောင်းမှုအတွက် အဖိုးအခများ ကောက်ယူ၍ သက်ဆိုင်ရာ အစိုးရဘဏ္ဍာငွေသို့ ပေးသွင်းကာ အဆိုပါ ဘဏ္ဍာငွေမှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အများပြည်သူ ဝန်ဆောင်မှုတို့အတွက် ကျခံသုံးစွဲရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။                

Most Read

Most Recent