အင်းလေးကန်ရေ ညစ်ညမ်းလာမှုကြောင့် ဒေသရင်း ငါးမျိုးစိတ်များ အင်းအတွင်း ရှားပါးလာပြီး အင်းနှင့် ဆည်များအတွင်းသို့ ပြောင်းရွှေ့နေထိုင်မှုများ ရှိနေကြောင်း အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောကြားသည်။“ငါးက ရှားတာတော့ မှန်တယ်။ ငါးမျိုးပေါင်း ၆၀ လောက် မှတ်တမ်းတင်ထားတယ်။ ရေလုပ်သားတွေ လက်ထဲမှာ ရောက်နေတဲ့ ငါးက ၁၀ မျိုး မကျော်ဘူး” အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။အင်းလေးကန်အတွင်း ရေကြောင်းသွားလာရေးတွင် အသုံးပြုသည့် စက်လှေ များပြားလာမှု၊ စိုက်ပျိုးရေး လုပ်ငန်းတွင် ဓာတ်မြေသြဇာ အလွန်အကျွံ သုံးစွဲလာမှု၊ အညစ်အကြေး စွန့်ထုတ်မှု များပြားလာခြင်းကြောင့် ကန်ရေညစ်ညမ်းမှု မြင့်မားလာကြောင်း၊ ထို့ကြောင့် ဒေသရင်း ငါးမျိုးစိတ်များ ရွှေ့ပြောင်းနေထိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။“အင်းထဲမှာ ငါးဖမ်းတဲ့လူ၊ ရေလုပ်ငန်း လုပ်တဲ့လူက နည်းလာပြီ။ မိုးထဲ၊ ရေထဲ၊ နေပူထဲနေပြီး ငါးရှာတာတောင် ငါးက သိပ်မရ၊ ဈေးကလည်း မရတော့ ဖျားတာနာတာနဲ့ မကာမိတော့ အခြားအလုပ် ပြောင်းလုပ်ကြတယ်” ဟု အသက် ၇၀ ဝန်းကျင် အရွယ်ရှိ အင်းလေးကန် ဒေသခံ ဦးထွန်းမြင့်က ဆက်လက် ပြောကြားသည်။“ရေကြည်ရာ မြက်နုရာကို ရှာကြတယ်။ အနှောင့်အယှက်တွေ များလာတယ်။ အညစ်အကြေး စွန့်ပစ်မှုတွေ များလာတော့ ရေထဲမှာ ပျော်ဝင်နေတဲ့ အောက်ဆီဂျင် ပါဝင်မှုနှုန်းက တဖြည်းဖြည်း နည်းလာတယ်။ ရေကလည်း မသန့်ဘူး။ အသက်ရှူလည်း မဝဘူး။ နားကလည်း ဆူတယ်ဆိုတော့ ရေကြည်ရာ မြက်နုရာ အရပ်ကိုပဲ ပြောင်းရွှေ့ကြတယ်။ တဖြည်းဖြည်းနဲ့ ရွှေ့ပြောင်း သွားကြတယ်။ လျော့နည်းသွားတယ်ဆိုတာ မှန်တယ်။ ပျောက်ကွယ်သွားတာတော့ မဟုတ်ဘူး” ဟု အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ဆက်လက်ပြောကြားသည်။အင်းလေးကန်အတွင်း ငါးမျိုးစိတ်များသည် ယင်းကန်နှင့် ဆက်စပ်နေသည့် စကားအင်းနှင့် မိုးပြဲဆည်များတွင် ရွှေ့ပြောင်းကာ နေထိုင်နေကြကြောင်း လေ့လာသူများ၏ ပြောကြားချက်အရ သိရသည်။“ငါးတွေက အဲဒီမှာ ပျော်မြူးပြီးတော့ နေတယ်။ ဒီမှာ ပြည်ပက ဝင်တဲ့ တီလားဗီးယားတို့ ခရုနီတို့ သဘာ၀ ပတ်ဝန်းကျင်နဲ့ ဆက်စပ်လာတဲ့ အခါမှာ ပြင်ပမျိုးစိတ်တွေ များလာတယ်။ တိလားဗီးယားကလည်း ကျန်တဲ့ နုနုရွရွနေတဲ့ ငါးတွေကို တိုက်ထုတ်ပစ်လိုက်တာလည်း ပါတယ်။ အင်းလေးကန်မှာ ငါးမျိုးပျောက်သွားတာတော့ မဟုတ်ဘူး။ ငါးမျိုးတွေက အခြားဒေသကို ပြောင်းနေတယ်။ ညစ်ညမ်းရေဖြစ်တယ် ဆိုရင်တော့ ဘယ်လောက်ပဲ များနေနေ သူတို့ရှိမှာ မဟုတ်ဘူး” ဟု ဦးစိန်ထွန်းက ဆက်လက်ပြောကြားသည်။
အင်းလေးကန်ရေ ညစ်ညမ်းလာမှုကြောင့် ဒေသရင်း ငါးမျိုးစိတ်များ အင်းအတွင်း ရှားပါးလာပြီး နီးစပ်ရာအင်းနှင့် ဆည်အတွင်းသို့ ရွှေ့ပြောင်းနေထိုင်









