ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ၁၁ ကျပ်ဝန်းကျင် ထပ်မံ ကျဆင်းလာပြီး ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှင့် ၁၄ ကျပ်ဝန်းကျင် ကွာဟနေ

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ၁၁ ကျပ်ဝန်းကျင် ထပ်မံ ကျဆင်းလာပြီး ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှင့် ၁၄ ကျပ်ဝန်းကျင် ကွာဟနေ
Published 3 February 2016
အောင်မြတ်ကို

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း တစ်ရက်အတွင်း ၁၁ ကျပ်ဝန်းကျင် ထပ်မံ ကျဆင်းလာပြီး ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှင့် ၁၄ ကျပ် ကွာဟနေကြောင်း နိုင်ငံခြား ငွေကြေးရောင်းဝယ်ရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ၁ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ၁၂၉၃ ကျပ် ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၂ ကျပ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၈၉ ကျပ်သို့ သုံးရက်အတွင်း လေးကျပ်လျော့ချ သတ်မှတ်ခဲ့သည်။ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ပထမပတ် ၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၁ ကျပ်ဝန်းကျင်မှ ဖေဖော်ဝါရီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၆ ကျပ်ဝန်းကျင်သို့ ၅ ကျပ်ဝန်းကျင် ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၇၅ ကျပ် ဝန်းကျင်သို့ ၁၁ ကျပ်ဝန်းကျင် ထပ်မံကျဆင်းခဲ့သည်။ထို့ကြောင့် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ပထမပတ်သုံးရက်အတွင်း ၁၆ ကျပ် ဝန်းကျင်အထိ ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဒေါ်လာလဲနှုန်း အကျဘက်သို့ ဆက်လက်ဦးတည်နေသည်။ဖေဖော်ဝါရီ ၃ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၈၉ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၇၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၇၂ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ယနေ့ ဖြစ်ပေါ်နေသော ပြင်ပလဲနှုန်းသည် ၂၀၁၅ ခုနှစ် သြဂုတ် ၂၇ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၇၅ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခြင်းဖြစ်ပြီး ခြောက်လကျော် အကြာတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၈၀ အောက်သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ဖေဖော်ဝါရီ ၃ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၁၂၈၉ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ကို ရောင်းချခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေးကျပ် ၁၂၈၂ ဝန်းကျင်၊ ဝယ်ဈေး ၁၂၇၈ ကျပ်ဝန်းကျင်တွင် ရှိနေသည်။တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။ 

Most Read

Most Recent