တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း ၁၈ ခု ဆောင်ရွက်သွားရန် မူအားဖြင့် သဘောတူညီထားပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး သဘောတူညီချက် မူကြမ်း အပါအဝင် . . . .

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း ၁၈ ခု ဆောင်ရွက်သွားရန် မူအားဖြင့် သဘောတူညီထားပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး သဘောတူညီချက် မူကြမ်း အပါအဝင် . . . .
Published 3 February 2016
ဖြိုးဝေ

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း ၁၈ ခု ဆောင်ရွက်သွားရန် မူအားဖြင့် သဘောတူညီထားပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး သဘောတူညီချက် မူကြမ်း အပါအဝင် ရေအားလျှပ်စစ်ဆိုင်ရာ မူကြမ်းသုံးခုအား ရေးဆွဲနေတရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဆိုင်ရာ စီမံကိန်း ၁၈ ခု ဆောင်ရွက်သွားရန် မူအားဖြင့် သဘောတူညီထားပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး သဘောတူညီချက်မူကြမ်း အပါအဝင် ရေအားလျှပ်စစ်ဆိုင်ရာ မူကြမ်းသုံးခုအား ရေးဆွဲနေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။အဆိုပါ ထုတ်ပြန်ချက်ကို ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်ရှိ HORIZON Lake View Resort ဟိုတယ်ရှိ Tharaphi Villa (SM-2) ၌ ကျင်းပခဲ့သည့် တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (CMEPCC) ၏ တတိယအကြိမ် ကော်မရှင် အစည်းအဝေး အပြီးတွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားစွမ်းအင် အုပ်ချုပ်ရေး အဖွဲ့မှ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Liu Qi နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေပြီး ရေအားလျှပ်စစ် ကဏ္ဍတွင် အဓိက ဆောင်ရွက်နေကာ စီမံကိန်း ၁၈ ခုကို ဦးစားပေး စီမံကိန်းအဖြစ် ဆောင်ရွက်သွားရန် ဒုတိယအကြိမ် ကော်မရှင် အစည်းအဝေးတွင် မူအရ သဘောတူညီထားကြောင်း ပြောကြားသည်။အဆိုပါ လျှပ်စစ်ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သဘာဝနှင့် လူမှုဘ၀ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ရေး အသေးစိတ်လေ့လာ ဆန်းစစ်ပြီး ဒေသခံပြည်သူများနှင့် သက်ဆိုင်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြ ဆောင်ရွက်နေကြောင်း ပြောကြားသည်ဟု ဖော်ပြထားသည်။ထို့ပြင် တရုတ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့မှ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အတွင်း ရေးမှူးရုံးမှ Deputy General Director Mr. SHI Lishan က တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် မူကြမ်းနှင့် ရေအားလျှပ်စစ်ဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး သဘောတူညီချက် မူကြမ်းများ တင်ပြခဲ့ကြောင်း သိရသည်။ထို့ပြင် အဆိုပါ အစည်းအဝေးတွင် တရုတ်ကိုယ်စားလှယ် အဖွဲ့မှ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး စီမံချက်မူကြမ်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်မူကြမ်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံကြား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေး သဘောတူညီချက် မူကြမ်းသုံးခုကို မြန်မာကိုယ်စားလှယ် အဖွဲ့သို့ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  နိုင်ငံတော် ဓာတ်အားစနစ်အတွက် ရေအားနှင့် သဘာဝဓာတ်ငွေ့မှ အမှန်တကယ် ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၃၀၀၀ ကျော်ရှိနေပြီး လက်ရှိသုံးစွဲမှု လုံလောက်ရန် မဂ္ဂါဝပ် ၅၀၀ ခန့် လိုအပ်နေသည်။ ထို့ကြောင့် နိုင်ငံတော် ဓာတ်အားအတွက် National Grid မှ လျှစ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မှုမှာ ၃၃ ရာခိုင်နှုန်းခန့်သာ ရှိနေပြီး မကြာမီ ကာလအတွင်း ရာခိုင်နှုန်း ၅၀ အထိ တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။လက်ရှိ နိုင်ငံတော် ဓာတ်အားစနစ်တွင် ဓာတ်အားပေးစက်ရုံ စုစုပေါင်း ၄၃ ရုံမှ တပ်ဆင်စက်အင်အား ၄၉၈၇ မဂ္ဂါဝပ် ရှိနေပြီး အရင်းအမြစ် ပါဝင်မှု အချိုးအစား အနေဖြင့် ရေအားလျှပ်စစ် ၆၉ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၉ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေး နှစ်ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများ အားလုံးက ကန့်ကွက်ထား၍ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံစီမံကိန်းသည် ယခုလာမည့် အစိုးရသစ် လက်ထက်တွင် ဆက်လက်ဖြေရှင်းရမည့် စီမံကိန်းဖြစ်သည်။   

Most Read

Most Recent