စီမံကိန်းများနှင့် ပတ်သက်၍ လာရောက် ဆွေးနွေးရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အဆုံးအဖြတ် ပေးနိုင်မည့်သူ တက်ရောက်မှု အကြိမ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း မရှိသလောက် ဖြစ်ခဲ့သည့်အတွက် ကြန့်ကြာသည့်အပြင် လွှတ်တော်ကျင်းပရက် ပိုသည့်အတွက် ပြည်သူ့ဘဏ္ဍာ . . . . .

စီမံကိန်းများနှင့် ပတ်သက်၍ လာရောက် ဆွေးနွေးရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အဆုံးအဖြတ် ပေးနိုင်မည့်သူ တက်ရောက်မှု အကြိမ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း မရှိသလောက် ဖြစ်ခဲ့သည့်အတွက် ကြန့်ကြာသည့်အပြင် လွှတ်တော်ကျင်းပရက် ပိုသည့်အတွက် ပြည်သူ့ဘဏ္ဍာ . . . . .
Published 25 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

စီမံကိန်းများနှင့် ပတ်သက်၍ လာရောက် ဆွေးနွေးရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အဆုံးအဖြတ် ပေးနိုင်မည့်သူ တက်ရောက်မှု အကြိမ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း မရှိသလောက် ဖြစ်ခဲ့သည့်အတွက် ကြန့်ကြာသည့်အပြင် လွှတ်တော်ကျင်းပရက် ပိုသည့်အတွက် ပြည်သူ့ဘဏ္ဍာ ပိုမိုသုံးစွဲရကြောင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြစီမံကိန်းများနှင့် ပတ်သက်ပြီး လွှတ်တော်သို့ လာရောက်ဆွေးနွေးရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အဆုံးအဖြတ်ပေးနိုင်မည့်သူ တက်ရောက်မှု အကြိမ်သည် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် မရှိသလောက် ဖြစ်ခဲ့သည့်အတွက် ကြန့်ကြာမှုများ ဖြစ်သည့်အပြင် လွှတ်တော်ကျင်းပရက် ပိုမိုသည့်အတွက် ပြည်သူ့ဘဏ္ဍာ ပိုမိုသုံးစွဲရကြောင်း လွှတ်တော်ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများက လွှတ်တော်၏ ရေးရာကော်မတီများနှင့် လာရောက်ဆွေးနွေးရာတွင် အဆုံးအဖြတ်ပေးနိုင်လောက်သည့် ပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်သည့် အကြိမ်အရေအတွက် လွန်စွာနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ထိုသို့ မရှိသလောက် ဖြစ်ခဲ့သည့်အတွက် အသွားအပြန် ပြန်လည်ဖြေကြား ဆက်သွယ်ရသည့် အကြိမ်ရေ ပိုတက်လာသည့်အတွက် အခမ်းအနား အစီအစဉ် ရေးဆွဲနိုင်ရန် ကြန့်ကြာမှုများနှင့် လွှတ်တော်များ ကျင်းပရမည့်ရက် ပိုမိုလာကာ ပြည်သူ့ဘဏ္ဍာ ပိုမို သုံးစွဲရသည်အထိ အကျိုးသက်ရောက်မှု ဖြစ်ပေါ်နေကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။လွှတ်တော်ရေးရာ ကော်မတီများသည် စီမံကိန်းနှင့် အရအသုံး စာရင်းများကို သက်ဆိုင်ရာဌာနနှင့် ဘဏ္ဍာရေး ကော်မရှင်အကြား မည်သို့ညှိနှိုင်း ရေးဆွဲထားသည်ဟူသော လုပ်ငန်းစဉ်များကို တိကျစွာ မသိရှိရဘဲ စီမံကိန်းများကို စိစစ်သုံးသပ်မှု ပြုလုပ်နေရသည့်အတွက် အခက်အခဲများရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။လာမည့် ဘဏ္ဍာနှစ် တစ်နှစ်အတွက် ရေးဆွဲရမည့် အမျိုးသားစီမံကိန်း ဥပဒေ (မူကြမ်း)နှင့် အရအသုံး စာရင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းမှ လုပ်ငန်းပညာရှင်၊ ဘဏ္ဍာရေးပညာရှင်နှင့် လွှတ်တော်ကော်မတီတို့သည် ပြည်ထောင်စု၏ ဘဏ္ဍာရေးကော်မရှင်သို့ မတင်သွင်းမီ အနည်းဆုံး သုံးလကြိုတင်၍ လွှတ်တော်ကော်မတီ၌ ပူးပေါင်းညှိနှိုင်း ရေးဆွဲသင့်ကြောင်း ကော်မတီက အစီရင်ခံစာတွင် သုံးသပ်ထားသည်။ထို့အပြင် စီမံကိန်းများနှင့် ပတ်သက်ပြီး ကော်မတီနှင့် ညှိနှိုင်းရှင်းလင်း တင်ပြရန် အစိုးရအဖွဲ့မှ လာရောက်သည့်အခါ အဆုံးအဖြတ် ပေးနိုင်သော ပုဂ္ဂိုလ်အဆင့်အတန်း ပါဝင်လာရေးကို ပြဋ္ဌာန်းသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် ပတ်သက်၍လည်း ဆက်စပ်လျက်ရှိသည့် ပြင်ပစီးပွားရေးနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုလွှတ်တော်၏ ပူးပေါင်းကော်မတီများ အကြားတွင် စေ့စပ်သော အချိန်ပေးကြားနာ စိစစ်မှုများကို လုပ်ဆောင်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

Most Read

Most Recent