မြန်မာနိုင်ငံမှ ပထမဆုံး တင်သွင်းသည့် EITI အစီရင်ခံစာ၌ လိုအပ်ချက် ၁၄ ချက် ရှိနေသဖြင့် ဒုတိယ အစီရင်ခံစာတွင် သတိထားရန်လိုကြောင်း အရပ်ဘက် အဖွဲ့အစည်းများ အကြံပြု

မြန်မာနိုင်ငံမှ ပထမဆုံး တင်သွင်းသည့် EITI အစီရင်ခံစာ၌ လိုအပ်ချက် ၁၄ ချက် ရှိနေသဖြင့် ဒုတိယ အစီရင်ခံစာတွင် သတိထားရန်လိုကြောင်း အရပ်ဘက် အဖွဲ့အစည်းများ အကြံပြု
Published 22 January 2016

မြန်မာနိုင်ငံမှ ပထမဆုံး တင်သွင်းခဲ့သည့် EITI အစီရင်ခံစာတွင် လိုအပ်ချက် ၁၄ ချက် ရှိနေသဖြင့် ဒုတိယ အစီရင်ခံစာတွင် သတိထားရန်လိုကြောင်း အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်းထားသည့် Myanmar Alliance for Transparancy and Accountability က အကြံပြု ထုတ်ပြန်ထားသည်။ယင်းအကြံပြုချက်များတွင် တင်ပြသော သတင်းအချက်အလက်များအပေါ် ယုံကြည်နိုင်မှု အခြေအနေ၊ ကုမ္ပဏီဝင်ငွေခွန် ပေးဆောင်သည့် အခွန်ဆောင် ပြေစာများ ထုတ်ပေးမှု နှောင့်နှေးကြန့်ကြာခြင်း၊ အစီရင်ခံစာသွင်းသည့် နောက်ဆုံးအချိန် သတ်မှတ်ချက်များ ၊ အနာဂတ် EITI လုပ်ငန်းပမာဏ၊ အကျိုးခံစားခွင့်ရှိသည့် ပိုင်ဆိုင်မှုကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ စစ်တပ်ဦးပိုင် ကုမ္ပဏီများ၊ လိုင်စင်များ မှတ်ပုံတင်ခြင်း၊ အစိုးရစာရင်းအင်း စနစ်များ၊ ဘတ်ဂျက် ကျယ်ပြန့်မှုနှင့် ပွင့်လင်းမြင်သာမှု၊ EITI အစီရင်ခံစာ တင်ပြခြင်း၊ လုပ်ထုံးလုပ်နည်းများကို ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ခြင်း၊ လိုင်စင်များ ခွဲဝေချထားပေးခြင်း၊ ထုတ်လုပ်မှုအပေါ် ခွဲဝေခြင်းဆိုင်ရာ စာချုပ်များမှ လျှို့ဝှက်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဒေသဆိုင်ရာများ၏ ပွင့်လင်းမြင်သာမှုကို အားဖြည့်ပေးခြင်း စသည့်ခေါင်းစဉ်ကြီး ၁၄ ခုအောက်တွင် အကြံပြုစာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ယင်းအချက်အလက်များအရ ကုမ္ပဏီများမှ အစိုးရထံသို့ အခွန်ဆောင်သည့်အခါ ငွေပေးသွင်းပြီးပြီးချင်း အခွန်ဆောင် ပြေစာများ မရရှိဘဲ အချိန်အတိုင်းအတာ တစ်ခုကြာမှ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခြင်းကြောင့် ယင်းအချိန် ကွာခြားချက်သည် ပြန်လည်တင်ပြသည့် အချက်များကို များစွာအပြောင်းအလဲ ဖြစ်စေနိုင်သည်ဟု အကြံပြုထားသည်။ ထို့အတူ တွင်းထွက်သယံဇာတ ထုတ်ယူသည့် လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်း၊ လုပ်ကိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းများ၊ လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းများ၏ အကျိုးခံစားခွင့် ရရှိသည့် ပိုင်ရှင်များ စာရင်းကို အများပြည်သူ သိရှိနိုင်ရန် မှတ်ပုံတင်ထားသည့် မှတ်ပုံတင်ဌာန မရှိသေးကြောင်း၊ ထို့အတွက် ပိုင်ဆိုင်မှုဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သင့်ကြောင်း သိရသည်။

Most Read

Most Recent