မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်စည်ဒိုင်များသို့ ယခုရက်ပိုင်းအတွင်း ကုန်စည်ဝင်ရောက်မှု များပြားလာကြောင်း သိရသည်။ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ မူဆယ်-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ကားလမ်းပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်လာခဲ့ပြီးနောက် လမ်းပြန်ပွင့်ချိန်တွင် ကုန်တင်ယာဉ်များ ယခင်ထက် ပိုမို များပြားလာခြင်းဖြစ်ကြောင်း သိရသည်။“ပြီးခဲ့တဲ့ တစ်ပတ်က ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက နမ့်ကွတ်နဲ့ ရှုခင်းသာနားမှာ ကားလမ်းပိတ်ဆို့မှုတွေ နေ့စဉ်နီးပါး ဖြစ်ခဲ့တယ်ဆိုတော့ ကုန်တင်ကားတွေ၊ ခရီးသည်တင်ကားတွေ မူဆယ်ဘက်ကို များများစားစား မဝင်ရောက်နိုင်ဘူး။ ဒီနေ့တော့ လမ်းမှာ ကားလမ်းပိတ်တာတွေ မရှိတော့ဘူး။ ဒါပေမဲ့ အချိန်မရွေး ကားလမ်းက ပြန်ပိတ်သွားနိုင်တယ်။ ဒါကို ယာဉ်မောင်းတွေက စည်းကမ်းရှိရှိ ရှေ့ကားတွေကို လမ်းမရှိရင် ကျော်မတက်ဘဲ လမ်းပွင့်တဲ့ အချိန်ထိ စောင့်ပြီး မောင်းသင့်တယ်။ တချို့တွေက လမ်းပိတ်ရင် ကျော်တက်ကြတော့ မလိုလားအပ်ဘဲ ကားလမ်းတွေက ပိုပိတ်ပြီး အချိန်တွေ ပိုကြာကုန်တယ်” ဟု လားရှိုး-မူဆယ် အမြန်ယာဉ်ငယ် မောင်းနှင်သူ တစ်ဦးက ပြောကြားသည်။ဇန်နဝါရီ ၂၀ ရက်တွင် လားရှိုးနှင့် မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ် လမ်းပိတ်ဆို့မှုများ မရှိတော့ပဲ ပုံမှန်အတိုင်း ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ပုံမှန်အတိုင်း သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။မူဆယ် (၁၀၅)မိုင်သို့ လမ်းပိတ်ဆို့မှု ဖြစ်ပွားစဉ်အတွင်း စောင့်ဆိုင်းနေကြရသော သစ်သီးတင်ယာဉ်များနှင့် ပဲ၊ ပြောင်း၊ နှမ်း၊ ဆန် တင်ယာဉ်ကြီးများ စုပြုံဝင်ရောက်လာပြီး ကုန်စည်ဒိုင်များသို့ သစ်သီးနှင့် ပြောင်းဝင်ရောက်မှုမှာ ယခင်ထက် နှစ်ဆခန့်ထိ ရှိနေကြောင်း သိရသည်။“ဒီနေ့ သစ်သီးကားတွေ အစီးရေ ၅၀၀ ကျော်ဝင်တယ်။ ပုံမှန်အားဖြင့်တော့ တစ်ရက်ကို သစ်သီးကားက အစီးရေ ၂၀၀ ဝန်းကျင်လောက်ပဲ ဝင်တာပေါ့။ ဒါပေမဲ့ ဒီတစ်ခါ ကားလမ်းပိတ်တာ တော်တော်လေးကြာတော့ သစ်သီးတင်တဲ့ကားတွေ ပုံပြီးဝင်လာတဲ့ သဘောပေါ့။ သစ်သီးကားတွေ ပုံပြီးဝင်လာပေမယ့်လည်း ဈေးနှုန်းကတော့ အရင်အတိုင်းပါပဲ” ဟု မူဆယ် (၁၀၅)မိုင် သစ်သီးကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ဆိုသည်။
လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမ၌ လမ်းပိတ်မှုများ ပြန်ပွင့်လာပြီး (၁၀၅)မိုင် သစ်သီးကုန်စည်ဒိုင်သို့ တစ်ရက်အတွင်း သစ်သီးတင်ယာဉ် (၅၀၀)ကျော် ဝင်ရောက်










