ဗဟိုဘဏ်၏ ဒေါ်လာလဲနှုန်း ပြင်ပဈေးကွက်ထက် များနေဆဲဖြစ်ပြီး ပြင်ပတွင်တစ် ဒေါ်လာလျှင် ၁၂၉၈ ကျပ်ဝန်းကျင် ရှိနေကြောင်း စုံစမ်းသိရှိရသည်။
ဇန်နဝါရီ ၁၉ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေးကျပ် ၁၂၉၅ ဝန်းကျင်၊ စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၀၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၉၀၀ ဝန်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၁၁ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၄၀၅ ကျပ် ဝန်းကျင်တွင် ရှိနေသည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဇန်နဝါရီ ၁၅ ရက်နှင့် ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်ဝန်းကျင် ရှိခဲ့သည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် ဇန်နဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ တစ်ဒေါ်လာလဲနှုန်း ၁၂၉၉ ကျပ် သတ်မှတ်ထားသည်။
ဇန်နဝါရီ ၁၉ ရက်နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှတစ်ဒေါ်လာ ၁၂၉၉ ကျပ် ဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းကို ဝယ်ယူခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင်လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင် နှုန်းဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ် ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေ လဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက်များနေခြင်းကြောင့် ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက်တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် သတ်မှတ် ဒေါ်လာလဲနှုန်းသည် ၁၂၉၉ ကျပ်ရှိနေကြောင်း သိရသည်။
ဗဟိုဘဏ်၏ ဒေါ်လာလဲနှုန်း ပြင်ပဈေးကွက်ထက် များနေဆဲဖြစ်ပြီး ပြင်ပတွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်ဝန်းကျင်ရှိ










