ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်၍ ဒဂုံမြို့နယ် တရားရုံး၌ ပုဒ်မ၅၀၅ (ခ) အပါအဝင် ပုဒ်မခုနစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာဒေါ်မြတ်နုခိုင်ကို ဇန်နဝါရီ၁၈ ရက်တွင်ဒဂုံမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် ဒဂုံမြို့နယ် တရားရုံးသို့ ရွှေ့ပြောင်းလာမည့် တရားသူကြီးမှာ မရောက်ရှိသေးသဖြင့် အမှုအား မစစ်ဆေးဖြစ်ကြောင်းနှင့် ဒေါက်တာမြတ်နုခိုင်က တစ်ပတ်နှစ်ကြိမ် ရုံးထုတ်စစ်ဆေးပေးရန် တရားရုံးသို့ လျှောက်ထားမှု မရရှိခဲ့ကြောင်း သိရှိသည်။
"ဒီနေ့လည်း တရားသူကြီးအသစ် မရောက်သေးလို့ မစစ်ဆေးဖြစ်ဘူး။ တရားသူကြီး အပြောင်းအလဲကြောင့် အမှုကို မစစ်ဖြစ်တာကြာနေပြီ။ စွပ်စွဲခံရသူ တစ်ဦးအနေနဲ့ အချုပ်ထဲကနေ တရား ရင်ဆိုင်နေရတဲ့သူတွေ အတွက် ဒီလိုကြန့်ကြာမှုတွေရှိတော့ နစ်နာမှုတွေ ရှိတယ်။ ပြီးတော့ ဒီနေ့ အန်တီအမှုကို တစ်ပတ်နှစ်ကြိမ် ရုံးထုတ်ပေးဖို့ ရုံးချိန်းပေးတဲ့ တရားသူကြီးကို တောင်းဆိုတော့ မရခဲ့ဘူး။အသစ်ပြောင်းလာတဲ့ တရားသူကြီးရောက်မှပဲ ထပ်တောင်းဆိုရမယ်"ဟု ဒေါက်တာ ဒေါ်မြတ်နုခိုင်က ပြောကြားခဲ့သည်။
ပုဒ်မခုနစ်ခုဖြင့် တရားစွဲခံထားရသည့် ဒေါက်တာဒေါ်မြတ်နုခိုင်အမှု တရားသူကြီး အပြောင်းအလဲကြောင့် မစစ်ဆေးဖြစ်