မြန်မာ-ထိုင်း နယ်စပ် မြဝတီချစ်ကြည်ရေးတံတားအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည့် နေ့မှစ၍ ၂၀၁၅ ခုနှစ်ကုန်ထိ ပတ်စ်ပို့ဗီဇာဖြင့် ဝင်ထွက်လည်ပတ်ခဲ့သူ မြန်မာ၊ ထိုင်း၊ တတိယနိုင်ငံသား ၈၆၄၄၂ ဦး သွားလာခဲ့ကြောင်း သိရသည်။
ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူ သွားလာနိုင်ရန်အတွက် မြဝတီချစ်ကြည်ရေးတံတားဂိတ်အား (၂၈-၈-၂၀၁၃) ရက်တွင် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် ဖွင့်လှစ်ခဲ့ပြီး၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထိ ၂၈ လ ၄ ရက်အတွင်း မြန်မာနိုင်ငံမှ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်လာသူ မြန်မာ၊ ထိုင်း၊ တတိယနိုင်ငံသားများ ၅၁၄၃၀ ဦးထွက်ခွာခဲ့ပြီး ၃၅၀၀၂ ဦး ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မြဝတီချစ်ကြည်ရေးတံတားမှ ဗီဇာပါရှိသော ပတ်စ်ပို့ စာအုပ်ဖြင့် ၂၀၁၃ ခုနှစ် လေးလနှင့် လေးရက်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သူ မြန်မာနိုင်ငံသား ၄၆၃ ဦး၊ ထိုင်းနိုင်ငံသား ၅၉၇ ဦး ကမ္ဘာ့နိုင်ငံပေါင်း(၃၀)ကျော်မှ တတိယနိုင်ငံခြားသား ၅၇၉ ဦး လာရောက်လည်ပတ်ခဲ့သလို မြန်မာနိုင်ငံသား ၉၉၁ ဦး၊ ထိုင်းနိုင်ငံသား ၅၇၅ ဦး၊ တတိယ နိုင်ငံခြားသား ၅၂၇ ဦး ပြန်လည် ထွက်ခွာသွားခဲ့သည်။
ထို့အတူ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပတ်စ်ပို့ဗီဇာဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အများဆုံးဖြစ်ကာ ၄၈၆၇ ဦး၊ တတိယနိုင်ငံခြားသား ၄၂၃၂ ဦး၊ ထိုင်းနိုင်ငံသား ၃၄၆၅ ဦး ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ထွက်ခွာမှုမှာ မြန်မာနိုင်ငံသား နှစ်ဆခန့်မြင့်တက်လာပြီး ထိုင်းနိုင်ငံသို့ ထွက်ခွာသူ ၁၄၇၄၈ ဦးရှိသည်။ ထိုင်းနိုင်ငံသား ၂၆၉၄ ဦး ထွက်ခွာခဲ့သော်လည်း တတိယ နိုင်ငံသားများမှာ ၃၃၁၅ ဦး မြဝတီမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
“ဒီနှစ်ထူးခြားတာကတော့ မြန်မာနိုင်ငံသားတွေကို နယ်စပ်မှ အလည်ဗီဇာနဲ့ သွားလာလည်ပတ်ခွင့်ပြုလိုက်တဲ့အတွက် ဈေးဝယ်ထွက်သူတွေ၊ အလုပ်သမားတွေလည်း သွားလာမှုတွေ ရှိလာပါတယ်”ဟု မြဝတီချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောကြားသည်။
၂၀၁၅ ခုနှစ်၏ ထူးခြားချက်အဖြစ် မြန်မာနိုင်ငံသို့ ပတ်စ်ပို့ဗီဇာဖြင့် ဝင်ရောက်လာသူများတွင် ကမ္ဘာလှည့်ခရီးသွား ဒုတိယအများဆုံးဖြစ်ကာ နိုင်ငံပေါင်း ၅၀ မှ ၆၅၈၀ ဦး ဝင်ရောက်ခဲ့သည်။ ထိုင်းနိုင်ငံသား ၆၅၇၀ ဦး ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသား ၇၆၅၈ ဦး ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ထွက်ခွာမှုတွင် မြန်မာနိုင်ငံသား ၁၆၀၄၉ ဦးရှိ၍ ပြန်လည်ဝင်ရောက်ခဲ့သူမှာ ထွက်ခွာသူထက် တစ်ဆကျော် လျော့ကျခဲ့သည်။
ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားများမှ အထွက်နှင့်အဝင် သိသာစွာပြောင်းလဲမှုမရှိဘဲ ထိုင်းနိုင်ငံသား ၆၀၅၉ ဦး၊ တတိယနိုင်ငံသား ၆၄၇၂ ဦး ထွက်ခွာခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီချစ်ကြည်ရေးတံတားအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် စတင်ဖွင့်လှစ်သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ပတ်စ်ပို့ ဗီဇာဖြင့် ၈၆၀၀၀ ကျော် ဝင်ထွက်ခဲ့















