သန်လျင်မြို့နယ်တွင် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ထပ်မံပျောက်ဆုံးပြီး ရန်ကုန်တိုင်း ဒေသကြီး၌ နှစ်ပတ်အတွင်း လူပျောက် တိုင်ကြားမှု လေးမှုအထိရှိလာ

သန်လျင်မြို့နယ်တွင် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ထပ်မံပျောက်ဆုံးပြီး ရန်ကုန်တိုင်း ဒေသကြီး၌ နှစ်ပတ်အတွင်း လူပျောက် တိုင်ကြားမှု လေးမှုအထိရှိလာ
Published 25 December 2015

သန်လျင် မြို့နယ်တွင် ၁၃ နှစ်ရွယ် မိန်းကလေးတစ်ဦး ထပ်မံပျောက်ဆုံးခဲ့ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး၌ နှစ်ပတ်အတွင်း လူပျောက် တိုင်ကြားမှု လေးမှုအထိ ရှိလာခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ဖြစ်စဉ်မှာ သန်လျင်မြို့နယ်၊ မြို့ဟောင်း အလယ်ရပ်ကွက်၊ အောင်ဘောဂလမ်းနေ ဒေါ်......မှ ၎င်း၏ သမီးဖြစ်သူ မ ......၁၃ နှစ်သည် ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် VCD အခွေအပ်ရန်ထွက်သွားခဲ့ရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေကြောင်း သန်လျင် မြို့မရဲစခန်းသို့ စုံစမ်းရှာဖွေပေးရန် ဒီဇင်ဘာ ၂၄ ရက်တွင် လာရောက် တိုင်ကြားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။အဆိုပါ ဖြစ်စဉ်၌ ပျောက်ဆုံးနေသူ မ......မှာ ဓာတ်ပုံတွင် ဖော်ပြထားသူဖြစ်ပြီး အရပ် ၅ ပေ ၂ လက်မခန့် ရှိသူဖြစ်ကြောင်း၊ သန်လျင် မြို့မရဲစခန်းက လူပျောက် အမှတ်စဉ် (၂၂/၂၀၁၅) ဖြင့် ရေးဖွင့်၍ စုံစမ်းရှာဖွေနေကြောင်း သိရသည်။ဆက်လက်ပြီး အခြား ပျောက်ဆုံးနေသူများမှာ ပျောက်ဆုံးခဲ့သူများတွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၇ နှစ်နှင့် ၃၉ နှစ်အရွယ် အမျိုးသားနှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ပျောက်ဆုံးနေသူများအနက် အသက် ၁၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၉) ရပ်ကွက်၊ ဗလမင်းထင်လမ်းနေ မ......၏ သမီးဖြစ်သူ မ......ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် ည ၇ နာရီတွင် မုန့်စားရန် နေအိမ်မှ ထွက်သွားရာမှ ပြန်မလာသဖြင့် ပျောက်ဆုံးနေကြောင်း၊ ပျောက်ဆုံးနေသူ မ......မှာ အရပ် ၅ ပေ ၁ လက်မခန့်ရှိကာ ဆံပင်ကျောထိ ရှည်ကြောင်း ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းသို့ ဒီဇင်ဘာ ၂၁ ရက်တွင် စုံစမ်းရှာဖွေပေးရန် တိုင်တန်းခဲ့ပြီး လူပျောက် အမှတ်စဉ် (၇၄/၂၀၁၅) ဖြင့် ရေးဖွင့်ကာ စုံစမ်း ရှာဖွေနေကြောင်း သိရသည်။ထို့ပြင် ပျောက်ဆုံးနေသူများ အနက်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသားသည် စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် သီရိလမ်းနေ ဒေါ်......၏ သားဖြစ်သူ မောင်......ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်၊ ည ၆ နာရီခန့်တွင် နေအိမ်မှ လမ်းလျှောက် ထွက်သွားရာမှ ပြန်မလာသဖြင့် ပျောက်ဆုံးနေကြောင်း စမ်းချောင်း မြို့မရဲစခန်းသို့ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် စုံစမ်း ရှာဖွေပေးရန် တိုင်တန်းလာခဲ့သဖြင့် လူပျောက် အမှတ်စဉ် (၃၅/၂၀၁၅) ဖြင့် ရေးဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း သိရသည်။ဆက်လက်ပြီး မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် အပိုင်း(၁၂)၊ ဂျိုးဖြူလမ်းနေ ဒေါ်......မှ ၎င်း၏ သားဖြစ်သူကို...... ၃၉ နှစ်သည် နိုဝင်ဘာ ၂၁ ရက် ၈ နာရီ အချိန်ခန့်တွင် မန္တလေးသို့ ဘုရားဖူးသွားမည်ဟု ပြောဆိုခဲ့ပြီး မိခင်ဖြစ်သူမှ တားမြစ်သော်လည်း နားမထောင်ဘဲ ထွက်သွားရာမှ ပြန်မလာသဖြင့် ပျောက်ဆုံးနေကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းသို့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စုံစမ်းရှာဖွေပေးရန် တိုင်တန်းလာခဲ့သဖြင့် လူပျောက် အမှတ်စဉ် (၄၇/၂၀၁၅) ဖြင့် ရေးဖွင့်ကာ စုံစမ်း ရှာဖွေလျက်ရှိကြောင်း သိရသည်။၎င်းသည် အရပ် ၅ ပေ ၃ လက်မခန့်ရှိကာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူ ဖြစ်ကြောင်း သိရသည်။အဆိုပါ ပျောက်ဆုံးနေသူများအား သတင်း ရရှိပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၀၁-၂၃၀၀၇၄၇၊ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး - ၀၅၆ ၂၁၀၄၂၊ သန်လျင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၅၆ ၂၁၀၂၁ ၊ သန်လျင် မြို့မရဲစခန်း - ၀၅၆ ၂၁၅၀၄၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၁- ၆၄၅၈၂၄၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၁-၃၇၆၁၆၆ ၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၁-၈၆၁၀၆၇၂၊ ၀၁-၈၆၁၀၆၈၂၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ၀၁-၅၉၃၄၇၂၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်း ၀၁- ၅၉၃၀၀၇၊ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး  ၀၁-၅၃၅၉၀၅၊ စမ်းချောင်း မြို့မရဲစခန်း  ၀၁-၅၃၅၁၈၄၊ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး  ၀၁-၆၃၅၁၄၈၊ မင်္ဂလာဒုံ မြို့မရဲစခန်း ၀၁-၆၃၅၀၇၄ သို့ ဆက်သွယ် သတင်းပေးနိုင်ကြောင်း သိရသည်။