ဟောင်ကောင်၊ မွန်ဂိုလီးယားနိုင်ငံများနှင့် မြန်မာနိုင်ငံတို့ကြား လေကြောင်းလိုင်းများ အကန့်သတ်မရှိ ပျံသန်းနိုင်ရန် လေကြောင်း သဘောတူ စာချုပ်များ ပြင်ဆင်ချုပ်ဆိုနိုင်ရန် မြန်မာနှင့် ဟောင်ကောင်၊ မွန်ဂိုလီးယားနိုင်ငံများမှ လေကြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။လက်ရှိတွင် ဟောင်ကောင် Dagon Air လေကြောင်းလိုင်းမှာ မြန်မာနိုင်ငံနှင့် တိုက်ရိုက် လေကြောင်း ခရီးစဉ် ပျံသန်းလျက်ရှိပြီး ယခု လေကြောင်း သဘောတူ စာချုပ် ပြင်ဆင်ချုပ်ဆိုပြီးနောက်တွင် Hongkong Express လေကြောင်းလိုင်းမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ထပ်မံပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။မြန်မာနှင့် ဟောင်ကောင်တို့အကြား လေကြောင်း သဘောတူ စာချုပ်အား ၁၉၉၇ ခုနှစ်ကတည်းက ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ခေတ်နှင့်လျော်ညီသည့် စာချုပ်အဖြစ် ပြန်လည် ချုပ်ဆိုနိုင်ရန် ဆွေးနွေးခြင်း ဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံနှင့် အောက်တိုဘာလအတွင်း လေကြောင်း သဘောတူ စာချုပ် ပြင်ဆင် ချုပ်ဆိုနိုင်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း တူရကီ၊ နယ်သာလန်၊ ဂျပန်စသည့် နိုင်ငံများနှင့် ချုပ်ဆိုထားသည့် လေကြောင်း သဘောတူ စာချုပ်များအား ခေတ်နှင့်လျော်ညီသည့် စာချုပ်အဖြစ် ပြင်ဆင် ချုပ်ဆိုရန် ဆွေးနွေးနိုင်ခဲ့ပြီး၊ ယူအေအီး၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် လေကြောင်း သဘောတူ စာချုပ်သစ်များ ပြင်ဆင် ချုပ်ဆိုနိုင်ခဲ့သည်။မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံလေကြောင်း သဘောတူ စာချုပ် ချုပ်ဆိုထားသော နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများ သာမက ဥရောပ၊ အမေရိက၊ အစ္စရေး အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံနှင့် လေကြောင်း သဘောတူ စာချုပ်များ ချုပ်ဆိုထားခဲ့သည်။ မြန်မာနိုင်ငံနှင့် အစောဆုံး လေကြောင်း သဘောတူစာချုပ် ချုပ်ဆိုမှုအဖြစ် ၁၉၄၉ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် Air Transport Agreement အား လက်မှတ်ရေးထိုးခဲ့သည်။
ဟောင်ကောင်၊ မွန်ဂိုလီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လေကြောင်းလိုင်းများ အကန့်အသတ်မရှိ ပျံသန်းရန် လေကြောင်း သဘောတူ စာချုပ်များ ပြင်ဆင်ချုပ်ဆိုရေး ဆွေးနွေး










