၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ် ၄၆၈၄ ဒသမ ၈၈၄ သန်း ဖြည့်စွက်တောင်းခံခဲ့ရာ ငွေလုံးငွေရင်း အသုံးစရိတ်များမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း တိုးမြင့်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဝန်ကြီးဦးရဲထွဋ် ပြောကြား

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ် ၄၆၈၄ ဒသမ ၈၈၄ သန်း ဖြည့်စွက်တောင်းခံခဲ့ရာ ငွေလုံးငွေရင်း အသုံးစရိတ်များမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း တိုးမြင့်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဝန်ကြီးဦးရဲထွဋ် ပြောကြား
Published 3 December 2015
ငြိမ်းဇော်လင်း

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ကျပ် ၄၆၈၄ ဒသမ ၈၈၄ သန်း ဖြည့်စွက်တောင်းခံခဲ့ရာ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၉၃၆ ဒသမ ၅၉၄ သန်း မှာ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။ဒီဇင်ဘာ ၂ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲခွင့်ပြုရန် တောင်းခံမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ပြန်ကြားရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အဖြစ် ကျပ် ၃၇၄၈ ဒသမ ၂၉၀ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၉၃၆ ဒသမ ၅၉၄ သန်းတို့ကို ဖြည့်စွက်ရန်ပုံငွေအဖြစ် တောင်းခံထားပြီး သာမန်အသုံးစရိတ်များမှာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တောင်းခံခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် လှည့်ပတ်ရင်းနှီးငွေမှ ကျခံအသုံးစရိတ်များဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။သာမန်အသုံးစရိတ်မှ တောင်းခံသည့် ငွေများတွင် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး က ကျပ် ၇၇၆ ဒသမ ၉၁၂ သန်း တောင်းခံခဲ့ပြီး ကျောင်းသုံးစာအုပ်အုပ်ရေ ငါးသန်း ထပ်မံတိုးမြှင့်ရိုက်နှိပ်ရသည့်အတွက် လိုအပ်သော စက္ကူ၊ မင်၊ ပုံနှိပ်ပစ္စည်းများ ဝယ်ယူရန် ကျပ် သန်း ၆၀၀၊ ထိုသို့ ရိုက်နှိပ်ရသည့်အတွက် ရရှိလာသော အမြတ်မှ ပေးဆောင်ရမည့် ဝင်ငွေခွန် ကျပ် ၉၈ ဒသမ ၂၈၅ သန်းနှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေကျပ် ၇၈ ဒသမ ၆၂၇ သန်း တို့ဖြစ်ကြောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ကျပ် ၂၉၇၁ ဒသမ ၃၇၈ သန်းဖြစ်ပြီး ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်မှုကြောင့် စုစုပေါင်း ဒေါ်လာ ၆၃၆၇၃၈၆ ဒသမ ၂ အတွက် ထပ်မံ လိုငွေ ကျပ် ၂၃၀၆ ဒသမ ၅၇၇ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လျာထားချက်ထက် အမြတ်ပိုမိုရရှိသည့်အတွက် ထပ်မံပေးသွင်းရန် ကျန်ရှိသည့် ဝင်ငွေခွန် ကျပ် ၂၈၂ ဒသမ ၁၅၆ သန်း၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ ကျပ် ၂၂၅ ဒသမ ၇၂၅ သန်း၊ ကုန်သွယ်လုပ်ငန်းခွန်အတွက် ထပ်မံလိုငွေ ကျပ် ၁၅၆ ဒသမ ၉၂၀ သန်းဖြစ်ကြောင်း ဦးရဲထွဋ်၏ ပြောကြားချက်အရ သိရသည်။ငွေလုံးငွေရင်း အသုံးစရိတ်များအနက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တောင်းခံငွေကျပ် ၈၀၅ ဒသမ ၇၉၃ သန်းနှင့် ပုံနှိပ်နှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းမှ တောင်းခံငွေ ကျပ် ၉၀ ဒသမ ၉၆၆ သန်းတို့သည် နိုင်ငံခြားငွေ လဲလှယ်နှုန်းမြင့်တက်လာမှုကြောင့်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောကြားသည်။ထို့အတူ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ငွေကျပ် ၃၉ ဒသမ ၈၃၅ သန်း တောင်းခံခဲ့ပြီး အဆိုပါငွေမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဝယ်ယူခဲ့သည့်  Hi Tower 4 Units Web Offset ပုံနှိပ်စက်ဖိုးငွေ ပေးချေရာတွင် ငွေကြေးလဲလှယ်မှုနှုန်း ပြောင်းလဲခြင်းကြောင့် မပေးချေနိုင်ဘဲ ကျန်ရှိနေခဲ့သည့် အမေရိကန် ဒေါ်လာ ၃၁၀၀၀ အား အထွေထွေပိုလျံငွေသို့ ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ သည့်အတွက် ပစ္စည်းဖိုးပေးချေရန် ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၃၁၀၀၀ နှင့် ညီမျှသည့် မြန်မာ ငွေကျပ် ၃၉ ဒသမ ၈၃၅ သန်းအား တောင်းခံရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။         

Most Read

Most Recent