အခြေခံပညာရေး ဥပဒေကြမ်းတွင် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများကို ပြည်တွင်းပြည်ပ အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်းပြီးဖြစ်စေ၊ သီးခြားဖြစ်စေ ဥပဒေများနှင့်အညီ တည်ထောင် ခွင့်ပြုရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။
အဆိုပါဥပဒေကြမ်းအား ဒီဇင်ဘာ ၁ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း အမျိုးသား လွှတ်တော်တွင် အတည်ပြုခဲ့သည်။
ဥပဒေကြမ်းတွင် ကျောင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းပြည်ပ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ရေး စသည့်အချက်များကို ဖြည့်စွက် အတည်ပြုထားကြောင်း သိရ သည်။
ထို့အပြင် မသန်စွမ်းသူများအတွက် လူတိုင်း အကျုံးဝင် ပညာရေးအရ ပညာသင် ယူခွင့်ရရှိစေရန် အထူးပညာရေး လိုအပ်ချက်နှင့်အညီ ပေါင်းစပ် သင်ကြားနိုင်ရန်၊ ဦးစီးဌာနသည် ကျောင်းသားရေးရာ စီမံခန့်ခွဲ မှုနှင့် စပ်လျဉ်းပြီး ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို လမ်းညွှန် ကြီးကြပ်ရမည်ဟု အတည်ပြုထားသည်။
အခြေခံပညာ ကျောင်းများ၏ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဦးစီးဌာနက သတ်မှတ်ပြီး ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဆိုသည့် မူလ ပြဋ္ဌာန်းချက်အား အမျိုးသားလွှတ်တော်က ပယ်ဖျက်ခဲ့သည်။
ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “အခြေခံပညာရေး ဥပဒေကတော့ အမျိုးသားပညာရေး ဥပဒေရဲ့ ဆင့်ပွားဥပဒေပေါ့။ အခြေခံပညာရေး ဥပဒေရှိမယ်။ အဆင့်မြင့်ပညာရေး ဥပဒေရှိ မယ်။ နည်းပညာနဲ့ သက်မွေးပညာ ဥပဒေရှိမယ်။ဒီလို ဆင့်ပွား ဥပဒေတွေကမှ အခြေခံအကျဆုံး ဖြစ်တဲ့ အခြေခံပညာရေး ဥပဒေပေါ့။ ဒီဥပဒေကိုတော့ တော်တော်လေးကို ပြည့်စုံအောင် ကြိုးစားထားပါတယ်။ မူလ တန်းအဆင့်ဆို ဘယ်လို၊ ကျောင်းပြင်ပ ပညာရေးဆို ဘယ်လို လူတိုင်းအကျုံးဝင်အောင် ဘယ်လို၊ မသန်စွမ်းတွေအတွက်ဆို ဘယ်လို စသဖြင့် အကုန်ပါအောင် ဖြည့်စွက်ထားပြီး အဲ့ဒါထက် ထူးခြားတာက ဆရာတွေရဲ့တာဝန်ပေါ့။ ကျောင်းဆရာတွေ ရာထူးတိုးမြှင့်ရေး၊ နယ်ပြောင်းရွှေ့ရေးတွေက အရင်ကဆို တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေတယ်။ ဒီဥပဒေထဲမှာတော့ စည်းမျဉ်းစည်းကမ်းနဲ့ကို သတ်သတ်မှတ်မှတ် ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်”ဟု ပြောကြားခဲ့သည်။
လက်ရှိ ပညာရေးစနစ်တွင် ကျောင်းသားများ၏ အခွင့်အရေး၊ ဆရာနှင့်ကျောင်းသား၏ ဆက်ဆံရေး၊ လက်ရှိတွင် ကျောင်းသားများကို ရိုက်နှက် ဆုံးမမှုများရှိကြောင်း၊ ကျောင်းသားများက ဆရာများကို တိုင်ကြား မှုများရှိကြောင်း၊ဒါတွေကို စည်းကမ်းတကျ ဖြစ်အောင် လုပ်ထားကြောင်း၊ ကျောင်းသား မိဘများကလည်း မည်ကဲ့သို့ ကူညီစောင့် ရှောက်ပေးရမည် ဆိုသည့်အချက်များ ပါဝင်လာပြီ ဖြစ်ကြောင်း၊ ရပ်ရွာမှ လူထုကလည်း မည်ကဲ့သို့ ကူညီ စောင့်ရှောက်ပေးရမည်၊ ကျောင်းဆရာ၏ အရည်အသွေးကို ပြန်ပြီး ဆန်းစစ်ရန် ဥပဒေထဲတွင် ပြဋ္ဌာန်းထားကြောင်း၊ ရာထူးတိုးခြင်းက အစပြဋ္ဌာန်းထားကြောင်း၊ အရည်အသွေး လျော့သွားပါက အရည်အသွေးမြှင့်ပေးမည့် သင်တန်းများကို ပြန်ပေးမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့သည်။
တံစိုးလက်ဆောင်ပေးကာ သားသမီးများ၏ ပညာထူးချွန်ရန်၊ အမှတ်ကောင်းရန် လုပ်ဆောင်မှုမျိုးများကိုလည်း ဥပဒေကြမ်းတွင် ထည်သွင်းကာ ကန့်သတ် အတည်ပြု ထားကြောင်း သိရသည်။
“ကျောင်းရဲ့အင်္ဂါရုပ်တွေ ယိုယွင်းနေတယ်၊ ပျက်စီးနေတယ် ဆိုတာကလည်း ဥပဒေမရှိလို့။ လုပ်ထုံးလုပ်နည်းတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလို လိုက်မလုပ်နိုင်တာရယ်၊ ပညာရေး ဘတ်ဂျက် နည်းတာရယ်နဲ့ ဖြစ်နေတာပေါ့။ ဒီဥပဒေထဲမှာတော့ ပါလာပြီ။ ဥပဒေဆိုတာကတော့ မလိုက်နာလို့ မရဘူး။အခြေခံပညာ ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေအတွက် ပိုပြီးတော့ စနစ်ကျလာမယ်။စိုးရိမ်တာ တစ်ခုတော့ရှိတယ်။ ဥပဒေက ကောင်းတယ်။ ပြည့်စုံတယ်။ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ဒါတွေကို လိုက်နာဆောင်ရွက်ဖို့ လိုတယ်။ စောင့်ကြည့် ထိန်းကျောင်းဖို့ လိုမယ်။ ဒီလိုမှမဟုတ်ရင်တော့ ဥပဒေက စာအုပ်ထဲမှာပဲ ရှိပြီးတော့ လိုက်နာဆောင်ရွက်မှု အားနည်းရင်တော့ မဖြစ်နိုင်မှာကိုပဲ စိုးရိမ်မိပါတယ်”ဟု ဒေါက် တာမြတ်ဉာဏစိုးက ပြောကြားခဲ့သည်။
“ဥပဒေမှာ ပြဋ္ဌာန်းထားသလို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကိုတော့ လွှတ်တော်အနေနဲ့ စောင့်ကြည့်ရမှာပေါ့။ Check and Balance လုပ်ရမှာပေါ့။ ဒီအစိုးရနဲ့ လွှတ်တော် အနေနဲ့ကတော့ အဲဒါတွေလုပ်ဖို့ အချိန်သိပ်မရှိတော့ဘူး။ နောက်အစိုးရနဲ့ နောက်လွှတ်တော်က လုပ်ဆောင်ရမှာပေါ့။ အခြေခံပညာရေး ဥပဒေပြီးရင် ပုဂ္ဂလိကပညာရေး ဥပဒေတို့၊ ဆရာအတတ်သင် ဥပဒေတို့၊ အဆင့်မြင့်ပညာရေး ဥပဒေတို့ အများကြီး လိုပါသေးတယ်။ အဲဒါတွေအားလုံး စုစည်း ချိတ်ဆက်မိတော့မှ ဒီကွန်ရက်ကြီးက ပြည့်စုံလာမှာပါ။ အဲဒီလိုဖြစ်မှ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က တိုးတက်လာမှာပါ” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့ သည်။
အခြေခံပညာရေး ဥပဒေကြမ်းတွင် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများကို ပြည်တွင်း ပြည်ပအစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ပုဂ္ဂလိကများနှင့် ပူးပေါင်းပြီးဖြစ်စေ၊ သီးခြားဖြစ်စေ ဥပဒေများနှင့်အညီ တည်ထောင် ခွင့်ပြု ရမည်ဟု အမျိုးသားလွှတ်တော် အတည်ပြုထား















