သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ရှယ်ယာများ ဒီဇင်ဘာတွင် စတင် ရောင်းချမည် ဖြစ်သဖြင့် အပိုင်း (က) ရှယ်ယာ ရောင်းချမှု ခေတ္တရပ်ဆိုင်း

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ရှယ်ယာများ ဒီဇင်ဘာတွင် စတင် ရောင်းချမည် ဖြစ်သဖြင့် အပိုင်း (က) ရှယ်ယာ ရောင်းချမှု ခေတ္တရပ်ဆိုင်း
Published 30 November 2015
သက်ထား

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ရှယ်ယာများအား ၂၀၁၅ ဒီဇင်ဘာတွင် စတင် ရောင်းချမည် ဖြစ်သဖြင့် ယခင် ရောင်းချခဲ့သော အပိုင်း (က) ရှယ်ယာ ရောင်းချမှုများကို ခေတ္တ ရပ်ဆိုင်းထားကြောင်း သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ် ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုဌာနမှသိရ သည်။
]]သီလဝါအထူးစီးပွားရေးဇုန်အများ ပိုင်ကုမ္ပဏီကနေ အပိုင်း(က)အတွက် ရောင်း ချထားတဲ့ ရှယ်ယာတွေကို ရှယ်ယာစရောင်း စဉ်က ဝယ်ယူထားတဲ့သူတွေက ပြန်ရောင်း မယ်ဆိုရင် သီလဝါအစုရှယ်ယာများ လွှဲ ပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံ တင်ခြင်း ဝန်ဆောင်မှုဌာနမှာ အဆိုပြုလွှာ လာတင်ရတယ်။ ဝယ်ချင်တဲ့သူကလည်း  အဆိုပြုလွှာ တင်ပြီးဝယ်ရတယ်။ ဒါပေမယ့် အခုက နောက်ထပ် အပိုင်း(ခ) ရှယ်ယာတွေ အတွက် ထုတ်ရောင်းတော့မှာ ဖြစ်တဲ့အတွက် ဝန်ဆောင်မှုဌာနမှာလည်း ရှယ်ယာဝယ်ယူ၊ ရောင်းချခွင့်တွေကို လက်မခံတော့ပါဘူး။ ရှယ်ယာဝယ်ယူချင်တဲ့သူတွေအနေနဲ့ ဒီဇင် ဘာ ၂၀ နောက်ပိုင်းကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်}} ဟု သီလဝါအစုရှယ်ယာ များလွှဲ ပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင် ခြင်း ဝန်ဆောင် မှုဌာန၏တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။   
သီလ ဝါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီမှ ရှယ်ယာအရေအတွက် ၂ဒသမ ၁၄၅ သန်းကို ရှယ်ယာတစ်စုလျှင် ကျပ်တစ် သောင်းနှုန်း ဖြင့် ၂၀၁၄ ခုနှစ် မတ်လအတွင်း က စတင်ရောင်းချခဲ့သည်။ ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ပွဲ ပြုလုပ်ပြီးနောက် ပိုင်းတွင် ရှယ်ယာတစ်စုလျှင်ကျပ်တစ်သောင်း နှုန်းဖြင့် ရောင်းချခဲ့သည့် ရှယ်ယာသည် တစ်စုလျှင် ကျပ်လေးသောင်း ဝန်းကျင်ဖြင့် ဈေးကွက်အတွင်း ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
သီလဝါ အစုရှယ်ယာများကို စတင်ရောင်းချကတည်းက ရှယ်ယာရောင်းချရန် လျာထားသည့် အရေအတွက်ထက် ဝယ်ယူရန် အဆိုပြုသူ အရေအတွက်မှာ နှစ်ဆကျော် များပြားခဲ့သောကြောင့် လျာထားချက်ထက် ပိုလျှံနေသည့် အစုပေါင်း ၁ဒသမ၈သန်းကို ဘဏ်များမှ တစ်ဆင့် ပြန်လည်အမ်းပေးခဲ့ ကြောင်းသိရသည်။ ရှယ်ယာများကို ရောင်းချရာတွင်လည်း ရှယ်ယာအနည်းငယ် ဝယ်ယူသူကို ဦးစားပေး ရောင်းချခဲ့ပြီး ကျန်ရှိသည့် ရှယ်ယာများမှာ ရှယ်ယာများများ ဝယ်ယူလို သူများထံ နိုင်ငံတကာ ထုံးစံအတိုင်း Prorata စနစ်ဖြင့် အချိုးကျ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် စတင် အကောင်ထည် ဖော်ခဲ့ပြီး မြန်မာ-ဂျပန် ဖက်စပ် လုပ်ကိုင်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်သောကြောင့် ပြည်သူများကြား စိတ်ဝင်စားမှု မြင့်တက်နေသည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။     

Most Read

Most Recent