မြန်မာနိုင်ငံအတွင်း နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ မိုတယ်၊ ဈေးဝယ်စင်တာများနှင့် အဆောက်အအုံ လမ်းတံတား ဆိုင်ရာများ ဆောက်လုပ်မှု များပြားလာသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ဝန်ထမ်းခေါ်ယူမှု မြင့်တက်လာကြောင်း ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ဈေးကွက်ဖြစ်သည့် work.com.mm ၏ စစ်တမ်းအရ သိရသည်။
ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ဈေးကွက်ဖြစ်သည့် work.com.mm ၏ လစဉ် အလုပ်အကိုင်ရှာဖွေမှု စစ်တမ်းအရ အောက်တိုဘာလ အတွင်း၌ ဆောက်လုပ်ရေး လုပ်ငန်းများမှ ဝန်ထမ်းခေါ်ယူမှု မြင့်တက်လာခြင်း ဖြစ်ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။
အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး ဈေးကွက်အတွင်း နည်းပညာ ကုမ္ပဏီကြီးများနှင့် ဆက်သွယ်ရေး ကုမ္ပဏီကြီးများမှ ဝန်ထမ်းခေါ်ယူမှုမှာ လစဉ်ပုံမှန် ခေါ်ယူလျက်ရှိပြီး ၎င်းခေါ်ယူလျက်ရှိသော လုပ်ငန်းများမှ လစ်လပ်နေရာများသည် အွန်လိုင်းအလုပ်အကိုင် ရှာဖွေသူများ အားထားရသည့် အလုပ်အကိုင်များ ဖြစ်ကြောင်းလည်း သိရသည်။
အောက်တိုဘာလ အတွင်းတွင် ဆက်သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီကြီးများမှလည်း ဝန်ထမ်းခေါ်ယူမှု မြင့်တက်လျက်ရှိပြီး အလုပ်ရှာဖွေသူများ အနေဖြင့် အင်ဂျင်နီယာ အလုပ်သို့ လျှောက်ထားမှုများမှာ အများဆုံး အလုပ်အကိုင် လျှောက်ထားမှု နေရာတွင် ပါဝင်ကြောင်း သိရသည်။
ထို့ပြင်လုပ်ငန်းရှင်များ အနေဖြင့် ခေါ်ယူလိုမှု အလုပ်အကိုင် အများဆုံးနေရာတွင် အရောင်းကျွမ်းကျင် ဝန်ထမ်းများ ခေါ်ယူနေသော်လည်း အလုပ်လျှောက်ထားမှု အလုပ်အကိုင်များတွင် အရောင်းကျွမ်းကျင် ဝန်ထမ်းများ ပါဝင်လာခြင်း မရှိကြောင်းလည်း အဆိုပါ စစ်တမ်းအရ သိရသည်။ ထို့ကြောင့် အလုပ်အကိုင် ရှာဖွေရေး ဈေးကွက်အတွင်း အရောင်းကျွမ်းကျင် ဝန်ထမ်းများ လိုအပ်ချက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
work.com.mm ၏ အောက်တိုဘာလအတွင်း အလုပ်အကိုင် ရှာဖွေမှုစစ်တမ်းအရ ဆောက်လုပ်ရေးလုပ်ငန်း၊ နည်းပညာရေးနှင့် ဆက်သွယ်ရေး၊ သွင်းကုန်၊ ထုတ်ကုန်နှင့် ဖြန့်ချိရေး၊ လုပ်ငန်းများနှင့် အွန်လိုင်းစီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းခေါ်ယူမှု အများဆုံး ဖြစ်နေကြောင်း သိရသည်။
ယင်းစစ်တမ်းကို work.com.mm ၏ အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်မှတစ်ဆင့် အလုပ်ခေါ်ယူသော လုပ်ငန်းများနှင့် အလုပ်ရှာဖွေ လျှောက်ထားသူများ၏ စာရင်းဇယားများကို အခြေခံ၍ ထုတ်ပြန်ထားခြင်းဖြစ်ကာ လတ်တလော ပြည်တွင်း အလုပ်အကိုင်ဈေးကွက် အခြေအနေကို သိရှိနိုင်ရန်ရည်ရွယ်၍ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ မိုတယ်၊ ဈေးဝယ် စင်တာများနှင့် အဆောက်အအုံ လမ်းတံတားဆိုင်ရာများ ဆောက်လုပ်မှု များလာသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများမှ ဝန်ထမ်းခေါ်ယူမှု မြင့်တက်










