သဘာ၀ သယံဇာတများ ရောင်းချမှုမှ ရရှိငွေများ တစ်စိတ်တစ်ပိုင်း ထည့်ဝင်မှုဖြင့် Sovereign Wealth Fund ကို တည်ထောင်ရန် စီစဉ်နေကြောင်း Spectrum မှ စီမံကိန်း အရာရှိ ဒေါ်ညိုမာသန်းက ပြောကြားသည်။ရန်ကုန်မြို့ Park Royal ဟိုတယ်၌ နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သည့် “Launch of Budget Guides for the Growing Citizens” အခမ်းအနားတွင် ၎င်းက ပြောကြားသည်။“ကျွန်မတို့ Sovereign Wealth Fund ဆိုပြီးတော့ သဘာဝသယံဇာတက ရရှိတဲ့ ဘဏ္ဍာငွေပေါ်မှာ အခြေခံပြီးတော့ Fund တစ်ခုထောင်ဖို့ကိုလည်း ဘဏ္ဍာရေးဝန်ကြီး ဌာနနဲ့ Engage လုပ်နေတယ်ပေါ့နော်။ သူတို့ကတော့ စိတ်ဝင်စားတဲ့ အနေအထားကို ရောက်နေပြီပေါ့။ ထပ်ပြီးတော့ လုပ်ဖို့ရှိတယ်။ အစိုးရသစ် လက်ထက်မှာတော့ လုပ်ဖြစ်ဖို့ ရှိပါတယ်။ သက်သက် သီးသန့်ထောင်ပြီးမယ်။ သူက Process တွေကတော့ အရမ်းများတယ်။ Fund တွေ ထောင်မယ်ဆိုရင် ကော်မတီဆိုတာ ဖွဲ့ရဦးမယ်။ ပြီးတော့ အဲဒီ Fund ကိုမှ သဘာ၀ သယံဇာတကရတဲ့ ဘယ်လောက် ပမာဏကို စုမလဲ။ ဘယ်လောက် ပမာဏကို သုံးမလဲ။ စုထားတာတော့ ဟုတ်ပြီ။ စုထားတဲ့ ပိုက်ဆံတွေကို ဘယ်လိုသုံးမလဲ။ တိုးပွားအောင် သူများနိုင်ငံမှာ သွားပြီး ရင်းနှီးမှာလား။ ဒါမှမဟုတ် ကိုယ့်နိုင်ငံမှာပဲ Invest လုပ်မှာလားဆိုတာ အဲဒီ Process တွေကတော့ အရမ်းများတယ်။ ကျွန်မတို့ လေ့လာလို့ ရသလောက်ကတော့ အရှေ့တီမောမှာ လုပ်ထားတဲ့ Process ကလေးကတော့ အရမ်းကောင်းတယ်။ ပြည်သူကိုလည်း သေသေချာချာ ချပြထားတာ ဆိုတော့။ အဲဒါလေးကိုတော့ ကျွန်မတို့က ဘဏ္ဍာရေး ဝန်ကြီးဌာနကို Engage လုပ်ထားတယ်” ဟု ဒေါ်ညိုမာသန်းက ပြောကြားသည်။ဆက်လက်၍ ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် ဆက်လက်တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး၊ ကယ်ဆယ်ရေး အသုံးစရိတ်မှာ အနည်းဆုံးတွင် ရှိနေသေးကြောင်း ဒေါ်ညိုမာသန်းက ပြောကြားသည်။ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်သည့် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ကလည်း ခေတ်မီသော၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော မြန်မာနိုင်ငံအဖြစ် တည်ဆောက်ရန်အတွက် ပညာရေး၊ ကျန်းမာရေး စရိတ်များတွင် သုံးစွဲခြင်းလောက် မည်သည့်အရာမျှ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်းလည်း ပြောကြားသည်။မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ရငွေ ကျပ်ဘီလျံ ၆၄၅၃ ဒသမ ၆၅၈ ဘီလျံနှင့် သုံးငွေ ၈၀၈၃ ဒသမ ၃၀၄ သန်းရှိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ရငွေ ၁၂၁၅၄ ဒသမ ၈၄၇ ဘီလျံနှင့် သုံးငွေ ၁၃၄၀၅ ဒသမ ၆၀၂ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ရှေ့ပြေး အမှန်စာရင်းအရ ရငွေ ၁၄၁၅၅ ဒသမ ၄၆၇ ဘီလျံနှင့် သုံးငွေ ၁၄၉၁၀ ဒသမ ၆၀၂ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြုပြင်ခန့်မှန်ခြေ ရငွေ ၁၆၈၉၁ ဒသမ ၅၀၅ ဘီလျံနှင့် သုံးငွေ ၁၉၄၄၃ ဒသမ ၃၁၆ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လွှတ်တော်မှ ပြင်ဆင်ပြီး ရငွေ ၁၇၀၀၀ ဒသမ ၀၅ ဘီလျံနှင့် သုံးငွေ ၂၀၆၁၃ ဒသမ ၇၅ ဘီလျံ ရှိခဲ့ကြောင်း သိရသည်။ယခု အစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာနှစ်အထိ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ နှစ်စဉ် တိုးမြှင့်ပေးခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (လက်ရှိဘဏ္ဍာနှစ်) အထိ ပညာရေး သုံးစွဲမှုမှာ ယခုနှစ်တွင် ၃ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ကျန်းမာရေးအတွက် ၆ ဒသမ ၇၉ ရာခိုင်နှုန်းနှင့် လူမှုဝန်ထမ်းအတွက် အသုံးစရိတ်မှာ ၀ ဒသမ ၀၇ ရာခိုင်နှုန်းသာ ရှိကြောင်းလည်း သိရသည်။
သဘာ၀ သယံဇာတ ရောင်းချမှုမှ ရရှိငွေများ တစ်စိတ်တစ်ပိုင်း ထည့်ဝင်မှုဖြင့် Sovereign Wealth Fund တည်ထောင်ရန် စီစဉ်နေကြောင်း သိရ










