နိုင်ငံတကာ ရွှေဈေး ကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၂၀၀၀၀ ကျော် ပြန်ကျကာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၃၀၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ပြည်တွင်း အခေါက်ရွှေဈေးမှာ အောက်တိုဘာလ နောက်ဆုံးပတ်အထိ တစ်ကျပ်သားလျှင် ကျပ် ၇၉၆၀၀၀ ဝန်းကျင်ဖြင့် အမြင့်ဈေး၌ပင် ရပ်တည်နေခဲ့ပြီး နိုဝင်ဘာလဆန်းတွင် ရွှေဈေး ပြန်လည်ကျဆင်းလာကာ တစ်ကျပ်သားလျှင် ကျပ် ၇၈၄၀၀၀၊ ကျပ် ၇၇၄၀၀၀ ကျော်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းနောက် နိုဝင်ဘာ ဒုတိယပတ် အတွင်းတွင် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၇၅၀၀၀၀ ကျော် ပေါက်ဈေးရှိသည်အထိ ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတကာ ဈေးကွက်၌လည်း ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၁၄၀ ကျော်ရှိနေရာမှ နိုဝင်ဘာ ၁၁ ရက်တွင် တစ်အောင်စလျှင် ၁၀၈၉ ဒေါ်လာသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ပြည်တွင်းရွှေဈေးက နိုဝင်ဘာ လဆန်းထဲက တဖြည်းဖြည်း ပြန်ကျနေတာ။ ဒီနေ့ကတော့ တစ်ကျပ်သားကို ကျပ် ၇၅၃၀၀၀ လောက်ရှိတယ်။ ဈေးကွက်ထဲမှာတော့ အရောင်းအဝယ် မျှနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဆိုသည်။အောက်တိုဘာလ အတွင်းက နိုင်ငံတကာ ရွှေဈေးမှာ တစ်အောင်စလျှင် ၁၁၇၃ ဒေါ်လာအထိ ဈေးမြင့်တက်မှု ဖြစ်ပေါ်ခဲ့ချိန်တွင် ပြည်တွင်းရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၀၀၀၀၀ အထိ ဈေးပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။နိုဝင်ဘာ ၁၁ ရက် ပြည်တွင်းရွှေဈေးကွက် အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၃၀၀၀ ဝန်းကျင်ရှိပြီး ၁၅ ပဲ ရည်တစ်ကျပ်သားလျှင် ကျပ် ၇၀၆၀၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ပြည်တွင်းရွှေဈေးကို နိုင်ငံတကာရွှေဈေး အတက်အကျနှင့် ပြည်တွင်းငွေလဲနှုန်း အတက်အကျတို့ ပေါ်မူတည်၍ ဈေးဖွင့်ခြင်းဖြစ်ပြီး ဖွင့်ဈေးနှင့် ပိတ်ဈေးနှစ်မျိုးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
နိုင်ငံတကာ ရွှေဈေး ကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၂၀၀၀၀ ကျော် ပြန်ကျကာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၃၀၀၀ ဝန်းကျင် ပေါက်ဈေးရှိ










