ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်၍ စတော့ရှယ်ယာများ ရောင်းချနိုင်ရန် ပဏာမ ရွေးချယ်ထားသည့် ကုမ္ပဏီစာရင်း တွင် FMI ၊ Myanmar Citizens Bank နှင့် သီလဝါ အများပိုင် ကုမ္ပဏီတို့ ပါဝင်ကြောင်း မြန်မာ့ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ နိုဝင်ဘာ ၃ ရက်တွင် သိရသည်။
“စာရင်းဝင် ဖြစ်လာနိုင်တဲ့ ကိုးခုကို ပဏာမ ရွေးချယ်ထားတယ်။ ကိုးခုဆိုတာ လောလောဆယ်ပေါ့။ နောက်ထပ်လည်း လာနေကြတာတွေ ရှိတယ်။ လာနေတဲ့အထဲကမှ အကောင်းတကာ့ အကောင်းဆုံးကို ရွေးချယ်ရမှာပေါ့။ လျှောက်လွှာစာရင်းကို ပိတ်တာမျိုးမရှိပါဘူး။ အမြဲတမ်း ဖွင့်လှစ်ပေးထားမှာပါ။ ပထမအသုတ်မှာ ကုမ္ပဏီကိုးခုကို စိစစ်ပေးနေတာပါ။ နောက်ထပ်လာလည်း လက်ခံပြီး စိစစ်ပေးမှာပါ။ မနေ့ကတော့ အားလုံးကို ခေါ်ပြီးတော့ မိတ်ဆက်စကားလေး ပြောတာပေါ့။ ဒီနေ့ကျတော့ ကုမ္ပဏီသုံးခုကိုခေါ်ပြီး တစ်ခုချင်း တွေ့တာပေါ့။ ဒီနေ့သုံးခု တွေ့တာလည်းပဲ ကျေနပ်စရာ ကောင်းပါတယ်။ ဒီနေ့ တွေ့တာက FMI၊ Myanmar Citizens Bank၊ သီလဝါကုမ္ပဏီတို့ ပါ,ပါတယ်”ဟု မြန်မာ့ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ စာရင်းတင် ရောင်းချခွင့်ရမည့် ကုမ္ပဏီများကို ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ်မည့်နေ့တွင် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း ဝင်ရောက်မည့် အများပိုင်ကုမ္ပဏီများ လိုက်နာရမည့် စံသတ်မှတ်ချက်များ (Listing Critia) ကို သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းကို ယခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ဒီဇင်ဘာလ ပထမပတ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းအဖြစ် ဖွင့်လှစ်မည့် အဆောက်အအုံမှာ နှစ် ၈၀ ကျော် သက်တမ်းရှိ ယခင်မြဝတီဘဏ် ရုံးချုပ်ဟောင်းကို ခေတ်မီပြန်လည် မွမ်းမံထားသည့် အဆောက်အအုံဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်၊ Daiwa Group နှင့် Japan Exchange Group တို့က ဖက်စပ် ထူထောင်ကြခြင်းဖြစ်ကာ စတင်ရင်းနှီးငွေမှာ ကျပ် ၃၁ ဘီလျံဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ပါက နံနက် ၉ နာရီခွဲတွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲတစ်နာရီတွင် တစ်ကြိမ် ရှယ်ယာ အရောင်းအဝယ် အမှာများကို Matching ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း ဝင်ရောက်ရန် ပဏာမ ရွေးချယ်ထားသည့် ကုမ္ပဏီစာရင်းတွင် FMI၊ Myanmar Citizens ဘဏ်နှင့် သီလဝါ အများပိုင်ကုမ္ပဏီတို့ ပါဝင်










