မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၁၅ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကုန်သွယ်မှုထက် လျော့ကျနေသော်လည်း ပို့ကုန်မှ ရငွေမှာ ယခင်နှစ်ထက် ပိုမိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၃ ရက် အထိ ကုန်သွယ်မှု ပမာဏစုစုပေါင်း ဒေါ်လာ ၁၅၆၀၄ ဒသမ ၀၈၉ သန်းကျော် (ဒေါ်လာ ၁၅ ဘီလျံကျော်) ရှိပြီး ယခင်နှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာမူ ဒေါ်လာ ၁၅၆၇၅ ဒသမ ၂၇၄ သန်း ဖြစ်သဖြင့် စုစုပေါင်း ကုန်သွယ်မှုအားဖြင့် ဒေါ်လာ ၇၁ သန်းကျော် လျော့နည်းနေခြင်း ဖြစ်သည်။
သို့သော် လက်ရှိဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၆၇၀၅ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူ တင်ပို့မှုပမာဏမှာ ဒေါ်လာ ၆၄၃၃ သန်းကျော် ဖြစ်သည့်အတွက် လက်ရှိ ဘဏ္ဍာနှစ်တွင် ပို့ကုန်မှရငွေမှာ ဒေါ် လာ ၂၇၂ သန်းကျော် ပိုမို နေခြင်းဖြစ်ကြောင်း သိရသည်။
“ပို့ကုန်က ရငွေပိုတယ်ဆိုတဲ့ နေရာမှာ အရင်နှစ်ကထက် ပို့ကုန်တင်ပို့မှု ပိုမိုပြုလုပ် လာနိုင်တာရယ်။ ဒေါ်လာဈေး တက်တာရယ်ကြောင့် ပို့ကုန်ကရငွေ ပိုလာတာပါ။ မြန်မာနိုင်ငံအနေနဲ့ ပို့ကုန် ပိုမိုတင်ပို့မှုပြုနိုင်အောင် အမျိုးသား ပို့ကုန်မဟာဗျူဟာနဲ့ လုပ်ကိုင် ဆောင်ရွက်နေပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှု ပြုလုပ်ရာတွင် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တု တွင်းထွက်၊ သစ်တောထွက်နှင့် စက်မှုကုန်ချော ကုန်စည်အုပ်စုများကို အဓိကတင်ပို့မှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ပို့ကုန်အုပ်စုအလိုက် တင်ပို့မှုမှရငွေ အသီးသီးမှာ လယ်ယာထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁၄၀၇ သန်းကျော်၊ တိရစ္ဆာန် ထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ သုံးသန်းကျော်၊ ရေထွက်ကုန် တင်ပို့မှုမှ ဒေါ်လာ ၂၂၉ သန်းကျော်၊ သတ္တုတွင်းထွက် တင်ပို့မှုမှ ဒေါ်လာ ၇၇၂ သန်းကျော်နှင့် စက်မှုကုန်ချော တင်ပို့မှုမှ ဒေါ်လာ ၃၉၅၀ သန်းကျော်ရှိပြီး အဆိုပါ ကုန်စည်အုပ်စုများ တင်ပို့မှုမှ ရငွေမှာ ယခင်နှစ် ကာလတူ တင်ပို့မှုထက် ပိုများသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် နိုင်ငံခြား ကုန်သွယ်မှုပြုရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှလည်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး ရာခိုင်နှုန်း ၈၀ နီးပါးကို ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပြုနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏဒေါ်လာ ၁၅ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကုန်သွယ်မှုထက် လျော့ကျနေသော်လည်း ပို့ကုန်မှရငွေ ယခင်နှစ်ထက်ပိုမို










