စတော့အိတ်ချိန်းတွင် ရှယ်ယာတစ်ဆင့်ခံ ရောင်းချခွင့် လိုင်စင်အတွက် ပဏာမ ရွေးချယ်ထားသည့် လုပ်ငန်း ၁၀ ခုတွင် ပြည်တွင်းမှ ဘဏ်ကြီးများနှင့် နိုင်ငံခြား ပြည်တွင်း ဖက်စပ် ကုမ္ပဏီများ ပါဝင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အောက်တိုဘာ ၃၁ ရက်တွင် ပြောသည်။
“ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဘဏ်ကြီးတွေပါတယ်။ အမည်ကတော့ အမျိုးမျိုး ပေးထားတဲ့အတွက် အသေးစိတ် မမှတ်မိဘူး။ လိုင်စင်ရတာတော့ မဟုတ်သေးဘူး။ လိုင်စင်ရဖို့အတွက်သတ်မှတ်ထားတဲ့ ငွေကြေး ပမာဏသွင်း အဆင့်သင့်ဖြစ်တယ်ဆိုတော့ရမှာဖြစ်တယ်။ ပြည်ပနဲ့ပြည်တွင်း Joint နဲ့ ပြည်တွင်းနဲ့ ပေးထားတယ်။ ပြည်ပရာခိုင်နှုန်း ၁၀၀ ပြည့် ရင်းနှီးမြှုပ်နှံမှုကတော့ မပေးသေးပါဘူး”ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
စတော့အိတ်ချိန်းတွင် ရှယ်ယာကို တစ်ဆင့်ခံ ရောင်းချခွင့်ပြုရန် ကနဦး ရွေး ချယ်ထားသည့် ကုမ္ပဏီ ၁၀ ခုနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းသည် အောက်တိုဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးတွင် ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံပွဲတွင် ဒေါက်တာမောင်မောင်သိမ်းက ယခု တက်ရောက်လာသော ကုမ္ပဏီ ၁၀ ခုမှာ ရှယ်ယာကို တစ်ဆင့်ခံ ရောင်းချမည့် ကုမ္ပဏီလိုင်စင်အတွက် ပမာဏ အောင်စာရင်း ထုတ်ပြန်ပေးခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ငါးနှစ်အတွင်း အမြတ်ရရှိရန် မသေချာသည်ကို ထည့်သွင်း တွက်ချက်ရန် လိုအပ် ကြောင်းနှင့် ငါးနှစ်စာ အရှုံးခံပြီး ဆက်လက် လုပ်ကိုင်နိုင်မည် ဆိုပါလည်း လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်းသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ ဒေါက်တာမောင်မောင်သိမ်းက မိမိတို့၏ မျှော်မှန်းချက်မှာ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးရေးအတွက် Enquity market ဖြင့် စတင်ပြီး နောက်ပိုင်းတွင် ဆင့်ပွားဈေးကွက် (derivatives) နှင့် မျှော်မှန်းဈေးကွက် (Future market) တို့ကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီများတွင် အစုရှယ်ယာများ ထုတ်ေ၀ ရောင်းချပြီး အလုပ်လုပ်နေသည့် ကုမ္ပဏီနှင့် ပေါ်ထွန်းစ ကုမ္ပဏီများဟူ၍ နှစ်မျိုးရှိရာ မိမိတို့ ကော်မရှင်အနေဖြင့် အများပြည်သူတို့၏ အကျိုးစီးပွား ကာကွယ်ရန် ရည် ရွယ်ပြီး ပေါ်ထွန်းစ ကုမ္ပဏီများအား စည်းကမ်းနှင့်အညီ ပါဝင်ရန် ဆုံးဖြတ်ထားကြောင်း၊ ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (၃) တွင် ပထမအဆင့်အနေဖြင့် ကျပ် ၁၅ ဘီလျံ ထည့်သွင်းရန်နှင့် ဒုတိယအဆင့်အနေဖြင့် လူပစ္စည်း၊ ရုံးခန်း၊ ICT တပ်ဆင်ထားရှိမှု ပြီးစီးမှုတို့ အပေါ် စစ် ဆေးပြီး လိုင်စင် ထုတ်ပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်က ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများအနေဖြင့် စည်းမျဉ်းစည်းကမ်း ကြီးကြပ်သူအဖြစ် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး ၊ဒုတိယအဆင့်အနေဖြင့် ငွေချေးစာချုပ် ဈေးကွက် (Bon Market) အား ယခုထက်ပိုမို၍ ကျယ်ပြန့်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်းအား ဒီဇင်ဘာလဆန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာ ထုတ်ရောင်းချမည့် ကုမ္ပဏီများမှ ထုတ်ဝေသည့် ရှယ်ယာကို ရောင်းဝယ် ဖောက်ကားခွင့်အတွက် Underwriter လိုင်စင်၊ Dealer လိုင်စင်၊ Broker လိုင်စင်နှင့် Consultant လိုင်စင် လေးမျိုး ထုတ်ပေးမည် ဖြစ်ကြောင်းလည်း ဒေါက်တာမောင်မောင်သိမ်းက ပြောကြားထားသည်။
စတော့အိတ်ချိန်း၌ ရှယ်ယာတစ်ဆင့်ခံ ရောင်းချခွင့်လိုင်စင် (Underwriter) အတွက် ရွေးချယ်ထားသည့် လုပ်ငန်း ၁၀ ခုတွင် ပြည်တွင်းမှ ဘဏ်ကြီးများနှင့် နိုင်ငံခြားနှင့် ပြည်တွင်းဖက်စပ် ကုမ္ပဏီများ ပါဝင်ကြောင်းဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား










