လေးနှစ်အတွင်း ပြည်ပမှ တင်သွင်းခဲ့သည့် မော်တော်ယာဉ် ငါးသိန်းနီးပါးကို အခွန်စည်းကြပ် ကောက်ခံရာ ကျပ် ဘီလျံ ၁၃၀၀ ခန့် ရရှိ

လေးနှစ်အတွင်း ပြည်ပမှ တင်သွင်းခဲ့သည့် မော်တော်ယာဉ် ငါးသိန်းနီးပါးကို အခွန်စည်းကြပ် ကောက်ခံရာ ကျပ် ဘီလျံ ၁၃၀၀ ခန့် ရရှိ
Published 28 October 2015
အောင်ရဲကို

လေးနှစ်အတွင်း ပြည်ပမှ တင်သွင်းခဲ့သည့် မော်တော်ယာဉ် ငါးသိန်းနီးပါးကို အခွန်စည်းကြပ် ကောက်ခံရာ ကျပ်ဘီလျံ ၁၃၀၀ ခန့် ရရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှမှ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်အထိ မော်တော်ယာဉ် အစီးရေ ၄၉၄၀၈၆ စီးမှ အခွန် ဘဏ္ဍာငွေအဖြစ် အကောက်ခွန် CD ၆၈၃၆၆၅ ဒသမ ၈၆ ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန် CT ၆၁၃၅၂၁ ဒသမ ၇၀ ကျပ်သန်း ရရှိခဲ့ကြောင်း သိရသည်။အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ကောက်ခံပြီး ထုတ်ပေးခဲ့သည့် ယာဉ်များအနက် ယာဉ်အိုယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်အတွက် ၁၃၁၀၄၂ စီး၊ ကားအရောင်းပြခန်းအတွက် ၁၁၀၂၃၂ စီး၊ သင်္ဘောပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှု အစီးရေ ၇၃၀၊ ပြည်ပနေ အလုပ်လုပ်ကိုင်သူများ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟိုတယ်/ခရီး ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းလာမှုမှာ ၁၉၉၇ စီး၊ စစ်သံအမှုထမ်း ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၈ စီးနှင့် လွတ်လပ်စွာဝယ်ယူသူ ပါမစ်ဖြင့် တင်သွင်းမှု အစီးရေ ၂၄၆၈၃၀ စီးတို့ ပါရှိကြောင်း သိရသည်။ယာဉ်တင်သွင်းမှုနှင့် ပတ်သက်ကာ ရန်ကုန်မြို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မော်တော်ယာဉ် လိုအပ်ချက် များနေသဖြင့် ယာဉ်တင်သွင်းခွင့်မူဝါဒကို ပြောင်းလဲမည် မဟုတ်ဘဲ ရန်ကုန်မြို့၏ မော်တော်ယာဉ် တင်သွင်းမှုကို ကန့်သတ်ရန် အစိုးရမှ စီစဉ်မှုများ ရှိခဲ့သည်။၂၀၁၅ ခုနှစ်အတွင်း မော်တော်ယာဉ် တင်သွင်းပါက ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုး တင်သွင်းမည့်သူများ အနေဖြင့် လူစီးကားများ၊ ကုန်ကားများ၊ ခရီးသည်တင်ကားများ ဆိုပါက ၂၀၀၃ မော်ဒယ်မှ ၂၀၀၉ မော်ဒယ်အတွင်း ကားများကို လည်းကောင်း၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ ဆိုပါက ၂၀၀၃ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း ကားများကို လည်းကောင်း တင်သွင်းရန် ထုတ်ပြန်ထားသည်။လူတစ်ဦးချင်း ပါမစ်ဖြင့် တင်သွင်းမည့်သူများ အနေဖြင့် လူစီးကားများ၊ ၁၃၅၀ စီစီနှင့်အောက် ကားများ၊ ခရီးသည်တင်ကား (Express) များ ဆိုပါက ၂၀၁၀ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း၊ ကုန်ကားနှင့် ခရီးသည်တင်ကား၊ မြို့တွင်းပြေးဆွဲယာဉ် (Mini Bus ၏ City Bus) များ ဆိုပါက ၂၀၀၅ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်းရှိ ဘယ်မောင်း အမျိုးအစားကားကိုသာ တင်သွင်းရမည်ဟု သိရသည်။တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် Taxi လျှောက်ထားတင်သွင်းမည့်သူများ အနေဖြင့် ၂၀၁၀ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း ကားများကို တင်သွင်းရန် သတ်မှတ်ထားသည်။ပုံမှန်လိုင်စင်ဖြင့် လျှောက်ထားတင်သွင်းမည့် ကားများ (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် ကားပါမစ် လျှောက်ထားမှု) တင်သွင်းမည် ဆိုပါက လူစီးယာဉ် ဆိုပါက ၂၀၁၀ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း ကားများကို လည်းကောင်း၊ လုပ်ငန်းသုံး ယန္တရား ဆိုပါက ၂၀၀၅ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း ကားများ၊ မီးသတ်ယာဉ်၊ လူနာယာဉ်၊ နိဗ္ဗာန်ယာဉ်များ ဆိုပါက ၁၉၉၉ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း ကားများကို လည်းကောင်း၊ ခရီးသည်တင် Express ကားများ ဆိုပါက ဘယ်မောင်းသီးသန့် ၂၀၁၀ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း ကားများကို လည်းကောင်း၊ မြို့တွင်း ပြေးဆွဲမည့် ခရီးသည်တင် ယာဉ်များ၊ Mini Bus ၏ City Bus များ ဆိုပါက ဘယ်မောင်းသီးသန့် ၂၀၀၅ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း ကားများကို လည်းကောင်း တင်သွင်းရမည်ဟု သိရသည်။အစိုးရ ဌာနများမှ ကားတင်သွင်းရန် လျှောက်ထားပါက လူစီးကား၊ ကုန်ကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကား၊ ယန္တရားများ အားလုံးအတွက် ၂၀၀၅ မော်ဒယ်မှ ၂၀၁၅ မော်ဒယ်အတွင်း ကားများကို တင်သွင်းရန် သတ်မှတ်ခဲ့သည်။၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၂၀၁၄ မော်ဒယ်နှင့် ၂၀၁၅ မော်ဒယ် Brand New ကားသစ်များ တင်သွင်းမည် ဆိုပါက ဘယ်မောင်းသီးသန့်သာ တင်သွင်းရန် သတ်မှတ်ထားကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent