ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေထုတ်လုပ်ရန် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ အတွက် စာချုပ်ချုပ်ဆို လုပ်ကိုင်နေပြီး အဆိုပါ စာချုပ်ချုပ်ဆိုမှုများမှ ဆုကြေးပေါင်း သန်း ၃၀ ကျော် ရရှိခဲ့ကာ ယခုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၆၀ ကျော်ရရှိရန် ခန့်မှန်းထားသည်ဟု စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန် သည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍလုံခြုံမှု ရှိစေရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ကုန်းပိုင်းနှင့် ကမ်းလွန် ရေနံလုပ်ကွက်များကို ၂၀၁၁ ခုနှစ်တွင် ကုန်းပိုင်းလုပ်ကွက်အတွက် ပထမဆုံး အကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ပြီး လုပ်ကွက်ရှစ်ကွက်တွင် နိုင်ငံခြားကုမ္ပဏီ ခြောက်ခုနှင့် မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီ ခြောက်ခုတို့ ပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ကုန်းပိုင်းလုပ်ကွက်အတွက် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ပြီး နိုင်ငံခြား ကုမ္ပဏီ ၁၀ ခုနှင့် မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီ ၁၀ ခုတို့ ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခွင့် ရရှိခဲ့သည့် လုပ်ကွက် ၁၆ ကွက် အနက် ၁၄ ကွက်ကို PSC နှင့် IPC စာချုပ်များ ချုပ်ဆို၍ ဆောင်ရွက်နေသည်။၂၀၁၃ ခုနှစ်တွင် ကမ်းလွန်လုပ်ကွက်များ အတွက် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ပြီး ယခုအခါ ရေတိမ်ပိုင်းလုပ်ကွက် ၁၀ ကွက်နှင့် ရေနက်ပိုင်း လုပ်ကွက် ၁၀ ကွက် စုစုပေါင်း လုပ်ကွက် ၂၀ တွင် နိုင်ငံခြားကုမ္ပဏီ ၁၃ ခုနှင့် မြန်မာတိုင်းရင်းသားပိုင် ကုမ္ပဏီရှစ်ခုတို့ ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို စာချုပ်ချုပ်ဆို ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ကွက်များ ချုပ်ဆိုဆောင်ရွက်ခြင်းမှ ရရှိသည့် ဆုကြေးရဝင်ငွေများမှာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ဒသမ ၅၅ သန်း၊ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၉ ဒသမ ၄၇ သန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇ ဒသမ ၂၉ သန်းနှင့် ၂၀၁၅-၂၀၁၆ ခု နှစ်တွင် လျာထားချက် အနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀ ဒသမ ၆၁ ရရှိရန် ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ၂၀၁၁ -၂၀၁၂ ခုနှစ်မှ ၂၀၁၄-၂၀၁၅ ခုနှစ် အတွင်း ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း ထုတ်လုပ်မှု စာရင်းမှာ ရေနံစိမ်းစည် သန်းပေါင်း ၂၄ ဒသမ ၇၉ သန်းဖြစ်ပြီး သဘာဝဓာတ်ငွေ့ ၂၀၈၅ ဒသမ ၅၇ ကုဗပေဘီလျံဖြစ်ပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ နှစ်စဉ်တိုးတက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပြည်တွင်းရှိ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်တို့မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် သုံးစွဲမှုအနေဖြင့် ထုတ်လုပ်မှု တိုးတက်နေသကဲ့သို့ ပြည်ပတင်ပို့မှုမှာလည်း ၇၈ ရာ ခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းသို့ တိုးတက်ပို့လွှတ် ရောင်းချခဲ့သည်။ ပြည်တွင်း သဘာဝဓာတ်ငွေ့ သုံးစွဲမှုအနေဖြင့် လျှပ်စစ်ထုတ်လုပ်မှု ကဏ္ဍအတွက် အများဆုံး သုံးစွဲထားပြီး ပြည်တွင်းသုံးစွဲမှုများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆၉ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၆၈ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၇၈ ရာခိုင်နှုန်းအထိ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအစိုးရလက်ထက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရန် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ အတွက် စာချုပ်ချုပ်ဆိုမှုများမှ ဆုကြေး ဒေါ်လာသန်း ၃၀ ကျော်ရရှိခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်အတွက် ဒေါ်လာသန်း ၆၀ ကျော်ရရှိရန် လျာထားကြောင်း ထုတ်ပြန်










