စင်ကာပူနှင့် တရုတ်နိုင်ငံအပါအဝင် ပြည်ပ နိုင်ငံ ခြောက်နိုင်ငံက ဒေါ်လာ ၃၉၈ သန်းကျော် ထပ်မံ မြှုပ်နှံထားပြီး လက်ရှိ ဘဏ္ဍာနှစ် နှစ်ဝက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်အထိ ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဒေါ်လာ ၃၉၈ သန်းကျော်မှာ စက်တင်ဘာလ တစ်လအတွင်း ဝင်ရောက် မြှုပ်နှံမှုပမာဏဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅ ခုနှစ် သြဂုတ်လကုန်အထိ စာရင်းများအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၂၈၈၁ သန်းကျော်ရှိပြီး စက်တင်ဘာလကုန်အထိ စာရင်းများအရ ဒေါ်လာ သန်း ၃၂၈၀ သို့ တိုးတက်လာခဲ့ပြီး တစ်လအတွင်း ပြည်ပနိုင်ငံများက ဒေါ်လာ ၃၉၈ သန်းကျော် ထပ်မံ မြှုပ်နှံကြခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံအလိုက် မြှုပ်နှံမှုပမာဏမှာ စင်ကာပူနိုင်ငံက ဒေါ်လာ ၂၀၃ သန်းကျော်၊ တရုတ်နိုင်ငံက ဒေါ်လာ ၈၃ သန်းကျော်၊ ဟောင်ကောင်က ဒေါ်လာသန်း ၈၀ ကျော်၊ ဘရူနိုင်းနိုင်ငံက ဒေါ်လာ ၁၃ သန်းကျော်၊ ဂျပန်နိုင်ငံက ဒေါ်လာ ၁၀ သန်းကျော်နှင့် ထိုင်းနိုင်ငံက ဒေါ်လာငါးသန်းကျော် အသီးသီး မြှုပ်နှံထားကြခြင်း ဖြစ်ကြောင်း သိရသည်။
ကဏ္ဍအလိုက် ဝင်ရောက် မြှုပ်နှံမှုများ အနေဖြင့် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ သတ္တုတူးဖော်ရေး ကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍများတွင် ဝင်ရောက် မြှုပ်နှံကြခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ဝင်ရောက် မြှုပ်နှံသည့် ပမာဏမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံပေါင်း ၁၃ နိုင်ငံက ဒေါ်လာ ၁၄၁၉ သန်းကျော်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာ ၄၁၀၇ သန်းကျော်နှင့် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံပေါင်း ၂၈ နိုင်ငံက ဒေါ်လာသန်း ၈၀၁၀ ကျော် အသီးသီး ဝင်ရောက် မြှုပ်နှံထားကြောင်း သိရသည်။
စင်ကာပူနှင့် တရုတ်အပါအဝင် ခြောက်နိုင်ငံက ဒေါ်လာ ၃၉၈ သန်းကျော် ထပ်မံ မြှုပ်နှံထားပြီး လက်ရှိဘဏ္ဍာနှစ် နှစ်ဝက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော် ရှိလာ










