၂၀၁၆အလွန် စီးပွားရေးအလားအလာများနှင့် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းအား Myanmar Global Investment Forum တွင် ဆွေးနွေး

၂၀၁၆အလွန် စီးပွားရေးအလားအလာများနှင့် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းအား Myanmar Global Investment Forum တွင် ဆွေးနွေး
Published 15 September 2015

မြန်မာနိုင်ငံ၏ ၂၀၁၆အလွန် စီးပွားရေးအလားအလာများနှင့် လာမည့်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆိုင်ရာအခင်းအကျင်းများအား Myanmar Global Investment Forum တွင် ဆွေးနွေးခဲ့ကြပြီး လက်ရှိအချိန်တွင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များချီတုံချတုံဖြစ်နေကြကြောင်းလည်း သိရှိရသည်။    အဆိုပါGlobal Investment Forumတွင်ဦးဆောင်ဆွေးနွေးသူငါးဦးတက်ရောက်ခဲ့ကြပြီး Moderator အဖြစ် Euromoney Institutional Investor, Asia မှ CEO ဖြစ်သူ Mr.Tony Shaleက ပြုလုပ်ခဲ့သည်။ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးဖြစ်သူ ဒေါက်တာအောင်ထွန်းသက်ကမူ ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ရဲရဲတင်းတင်းလာရောက်ရင်းနှီးမြှုပ်နှံစေလိုကြောင်း၊ မြန်မာ နိုင်ငံသည် မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ တရုတ်နှင့်အိန္နိယဈေးကွက်များရှိနေခြင်းနှင့် အာဆီယံနိုင်ငံတစ်ခု ဖြစ်နေသည့်အတွက် အခွင့်အလမ်းကောင်းများရှိနေကြောင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအနေအထားနှင့်ပတ်သက်၍ Bankok Bank , International Banking Group ၏ Executive Vice President ဖြစ်သူ Dr Kobsak Pootrakool က မြန်မာနိုင်ငံတွင် အခွင့်အလမ်းများစွာရှိနေသော်လည်း ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စိုးရိမ်နေကြ ကြောင်းလည်း ပြောကြားခဲ့သည်။၎င်းက “ထိုင်းလုပ်ငန်းရှင်တွေစိုးရိမ်ကြတာရှိပေမယ့် ကျွန်တော့အမြင်ကတော့ business sectorက လည်း အရေးကြီးတယ်ထင်ပါတယ်။ ကျွန်တော်တို့ထိုင်းနိုင်ငံမှာလည်း ပြီးခဲ့တဲ့၁၅နှစ်လောက်ကစပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုအချို့ရှိခဲ့ပါတယ်။။ ဒါပေမယ့် စီးပွားရေးတက်လာတာတော့တွေ့ရပါတယ်။ ဒါကြောင့် Business sectorရဲ့ စွမ်းဆောင်နိုင်မှုလည်းလိုပါတယ်။ ကျွန်တော်ကတော့ ရွေးကောက်ပွဲအပြီးကာလမှာလည်း စီးပွားရေးလုပ်ငန်းတွေ ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ဖို့လိုပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။ဒေါက်တာအောင်ထွန်းသက်ကမူ မြန်မာနိုင်ငံအနေဖြင့် ယခင်က ရင်းနှီးမြှုပ်နှံမှုများကို မက်လုံးပေး ဖိတ် ခေါ်ခဲ့ကြောင်း ယခုအကြိမ်တွင်မူ တာဝန်သိရင်းနှီးမြှုပ်နှံမှုများကိုသာ ပိုပြီးလိုအပ်ကြောင်း ပြောကြားခဲ့သည်။“ပြီးခဲ့တဲ့ reform processကို လေ့လာကြည့်ရင် အပိုင်းနှစ်ပိုင်းတွေ့ရပါတယ်။အခုဆိုရင် ပထမအဆင့်ပြီး သွားလို့  ဒုတိယအဆင့်ထဲကို ဝင်လာပါပြီ။ ဒုတိယအဆင့်မှာ ပထမအဆင့်နဲ့မတူတဲ့ စိန်ခေါ်မှု တွေရှိနေနိုင်ပါတယ်။ အဲဒါကတော့ reformကနှေးသွားတာ။exchange rate မတည်ငြိမ်တာ၊ အစိုးရဝန်ကြီးဌာန တွေရဲ့ capacity တွေကျနေတာတွေပါ”ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့သည်။ငွေကြေးတန်ဖိုးကျဆင်းခြင်းကြောင့် မြန်မာနိုင်ငံတွင် trade deficit လည်းဖြစ်နေကြောင်းနှင့် Phase 2 တွင်ပိုမိုသိမ်မွေ့သည့် စိန်ခေါ်မှုများလည်း  ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ကြသည်။မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရာတွင် အကြောင်းလေးခုပေါ် မူတည်၍ ဖိတ်ခေါ်ကြောင်း၊ ပထမတစ်ခုမှာ Financing၊ ဒုတိယအချက်မှာ ဈေးကွက်ရရှိမှု(market)၊ တတိယအချက်မှာ နည်းပညာ(technology)နှင့် နောက်ဆုံးတစ်ခုမှာ management culture ဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့သည်။လက်ရှိအချိန်သည် ပြုပြင်ပြောင်းလဲမှု၏ ဒုတိယကာလဖြစ်နေသည့်အတွက် business sector တို့အား modernization ပြုုလုပ်ရန်လိုအပ်နေကြောင်း၊ ယခုနှစ်မကုန်ခင် ရွေးကောက်ပွဲလည်း ကျင်းပမည်ဖြစ်ကြောင်း၊ အလားတူ AEC(ASEAN Economic Community)အသက်ဝင်လာတော့မည်ဖြစ်သည့်အတွက် စိတ်ဝင်စားစ ရာကောင်းသည့်အနေအထားတစ်ခုကို ရောက်နေကြောင်း ဆွေးနွေးကြသည်။အငယ်ထွေး၊နီလာ

Most Read

Most Recent